



Source: Nay Chi Oo’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

Tik Tok တစ်ခါရိုက်တိုင်း Troll တဲ့သူတွေရှိပေမယ့်လည်း စိတ်တိုင်းကျ လုပ်ချင်ရာလုပ်ပြီး Follower (၁) သန်းတောင်ပြည့်တော့မယ့် နေခြည်ဦး

အမိုက်စား Fashion တွေနဲ့ ခေတ်ရေစီးကြောင်း Trend ကို အမှီ လိုက်နိုင်သူလေး နေခြည်ဦးက မြန်မာနိုင်ငံ ရဲ့ အအောင်မြင်ဆုံး အနုပညာရှင်၊ Social Influencer တစ်ဦး ဖြစ်ပါတယ်။ နေခြည်ဦးက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အားပေးသူ ပရိသတ်အင်အား အခိုင်အမာ ကို ရရှိပိုင်ဆိုင်ထားသူဖြစ်ပြီး ပရိသတ်တွေကလည်း နေခြည်ဦးရဲ့ လှုပ်ရှားမှု မှန်သမျှကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်အားပေးကြတာကို တွေ့ရပါတယ်။

အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ပီပီ ဝေဖန်မှုတွေကိုလည်း မကြာခဏ ကြုံဆုံရလေ့ရှိတဲ့ နေခြည်ဦးက Tik Tok တစ်ခါရိုက်တိုင်းလည်း ဝိုင်း Troll ကြသူတွေကြောင့် ဂယက်ခဏခဏထရလေ့ရှိပါတယ်။ ဒါပေမယ့် နေခြည်ဦးက သူမ စိတ်တိုင်းကျ လုပ်ချင်ရာလုပ်ပြီး ကျေနပ်နေပြီး ဗီဒီယိုလေးတွေကိုလည်း ပုံမှန်အတိုင်း ဆက်လက်ရိုက်ကူးနေဆဲပဲ ဖြစ်ပါတယ်။

နေခြည်ဦးကတော့ Troll ခံရတာတွေရှိပေမယ့် အခုဆိုရင် Tik Tok မှာ Follower (၁) သန်းတောင် ပြည့်တော့မှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေခြည်ဦးရဲ့ Tik Tok အကောင့်လေးကို Follow လုပ်ဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Chi Oo’s fb
Bilie – Cele Connections

error: Alert: Content is protected !!