





ယူနီကုဒ်ဖြင့် ဖတ်ရန်

“Stay Home လေးမှာ ချစ်သူနဲ့ သမီးလေး ရွှန်းရွှန်းတို့ရဲ့ ဆော့ကစားကာ ကျီစယ်နေပုံလေးတွေကိုကြည့်ပြီး ပျော်ရွှင်နေတဲ့ ခိုင်နှင်းဝေရဲ့ ဗီဒီယိုဖိုင်”

CeleConnections Channel ပရိသတ်ကြီးရေ ပရဟိတမင်းသမီးလို့ တင်စားရသူ ခိုင်နှင်းဝေကိုတော့ အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်။ ခိုင်နှင်းဝေကတော့ မိဘမဲ့ ကလေး အယောက် (၃၀)ကျော်ကို သူမရဲ့ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာမှာ ပြုစုစောင့်ရှောက်ထားပြီး ချစ်စရာကောင်းသူ သမီးလေး ရွှန်းရတီခိုင်ကိုတော့ တရားဝင်သမီးအဖြစ် မွေးစားထားသူပဲဖြစ်ပါတယ်နော်.။

အနုပညာအလုပ်တွေနဲ့လည်း အဆက်ပြတ်သွားခြင်းမရှိဘဲ ဖြည်းဖြည်းမှန်မှန်လုပ်ကိုင်နေသူ ခိုင်နှင်းဝေကတော့ သူမရဲ့ အချစ်ရေးအကြောင်းကိုလည်း အတိအလင်းချပြထားသူပါ.။ သူမရဲ့ ချစ်သူဟာလည်း သူမလိုပဲ ပရဟိတအကျိုးကို သယ်ပိုးဆောင်ရွက်ရတာကို ပျော်မွေ့သူပီပီ နှစ်ယောက်ပေါင်းကာ ပရဟိတအလုပ်တွေကို လုပ်ကိုင်နေကြသူတွေပဲဖြစ်ပါတယ်နော်.။

အားတဲ့အချိန်လေးတွေမှာတော့ ချစ်ရတဲ့ သမီးရွှန်းရွှန်းနဲ့ ချစ်သူ ကိုဇင်မြင့်အောင်တို့နဲ့အတူ ပျော်ရွှင်စရာ အချိန်လေးတွေ ကုန်ဆုံးဖြစ်နေပုံလေးကို ခိုင်နှင်းဝေက Live လေးလွှင်ကာ ဒီနေ့ စက်တင်ဘာလ (၂၇)ရက်နေ့မှာ ပြောလာခဲ့ပါတယ်.။ အပေးအယူတည့်လွန်းသူ သမီးရွှန်းရွှန်းနဲ့ ချစ်သူတို့ကြောင် တစ်ယောက်တည်း ဖယ်ကျဉ်ခံနေရပုံလေးတွေကို ပရိသတ်တွေဆီ ရင်ဖွင့်ထားလာခဲ့တာပါ.။

CeleConnections Channel ပရိသတ်ကြီးအတွက်လည်း ခိုင်နှင်းဝေတို့ ရဲ့ ပျော်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ CeleConnections Channel ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်.။
Source: Zin Myint Aung’s Facebook

Sakura(CeleConnections Channel)

error: Alert: Content is protected !!