



ယူနီကုဒ်ဖြင့်ဖတ်ရန်

အိမ်မှာနေရင်း အပျင်းပြေရအောင် စတိုင်လ်အမျိုးမျိုးနဲ့ Tik Tok ရိုက်ခဲ့ကြတဲ့ ဝတ်မှုံရွှေရည်နဲ့ နဒီရွှေရည်တို့ ညီအစ်မနှစ်ယောက်

ပရိသတ်တွေချစ်တဲ့ မင်းသမီးလေးဝတ်မှုံရွှေရည်ကတော့ အသက်သုံးဆယ်ကျော်အရွယ်ထိ အိမ်ထောင်မပြုသေးပဲ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့သာ အချိန်ကုန်ဆုံးနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေက ဝတ်မှုံရွှေရည်အပြင် သူမရဲ့ တစ်ဦးတည်းသော ညီမလေးဖြစ်တဲ့ နဒီရွှေရည်ကိုပါ ချစ်ခင်အားပေးကြပါတယ်။ နဒီရွှေရည်က အစ်မဖြစ်သူလို အနုပညာလုပ်ငန်းတွေ ဝါသနာမပါပေမယ့် Beauty Blogger တစ်ယောက်အဖြစ် ရပ်တည်နေပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်နေလျက်ရှိပါတယ်။

ညီမဖြစ်သူရဲ့ Beauty Blogger အလုပ်နဲ့ ပက်သတ်ပြီး တစ်ဖက်တစ်လမ်းကနေ ကူညီပံ့ပိုးပေးနေတဲ့ ဝတ်မှုံရွှေရည်ကတော့ ညီမလေး နဒီရွှေရည်ရဲ့ Vlog တွေ ဗီဒီယိုတွေမှာ ပါဝင်လေ့ရှိပါတယ်။ ဒီတစ်ခေါက်မှာလည်း ဝတ်မှုံရွှေရည်နဲ့ နဒီရွှေရည်တို့ ညီအစ်မနှစ်ယောက်က အိမ်မှာနေရင်း စတိုင်လ်အမျိုးမျိုးနဲ့ အပျင်းပြေ Tik Tok ရိုက်ခဲ့ကြတာကို အခုလိုပဲ တွေ့ရပါတယ်။

ဝတ်မှုံရွှေရည်ကတော့ အကြီးပီပီ ရင့်ကျက်မှုတွေနဲ့ တည်ငြိမ်လှပသလို နဒီရွှေရည်ကလည်း ကလေးမေမေလို့ မထင်ရလောက်အောင် ချစ်စရာကောင်းလှပါတယ်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်နဲ့ နဒီရွှေရည်တို့ ညီအစ်မရဲ့ ပထမဦးဆုံး Tik Tok ဗီဒီယိုလေးကို သဘောကျကြမယ်လို့ မျှော်လင့်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nadi Shwe Yi- KAY’s fb
Bilie – Cele Connections

error: Alert: Content is protected !!