



ယူနီကုဒ်ဖြင့်ဖတ်ရန်

အစားအသောက်ခက်ခဲနေမှာစိုးလို့ ပို့ပေးချင်တဲ့သူတွေကို လက်မခံရတဲ့အကြောင်း နားလည်ပေးဖို့ မေတ္တာရပ်ခံလာတဲ့ နန္ဒာလှိုင်

မင်းသမီးချော နန္ဒာလှိုင်ကတော့ အိမ်ထောင်ရှင်မကြီး ဖြစ်သွားပြီးတဲ့နောက်မှာ အနုပညာအလုပ်တွေကို ရပ်နားခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နန္ဒာလှိုင်က သူမနဲ့ နီးစပ်တဲ့ မိသားစုဝင်တွေက Covid-19 ပိုးရှိနေတာကြောင့် သူမတို့ရဲ့ နေအိမ်မှာ Lock Down ချခံထားရတာပဲ ဖြစ်ပါတယ်။ Lock Down ချခံထားရပေမယ့် နန္ဒာလှိုင်တို့မိသားစုကတော့ ကျန်းကျန်းမာမာနဲ့ အဆင်ပြေပြေရှိနေလျက် ရှိပါတယ်။

ဒီကနေ့မှာတော့ နန္ဒာလှိုင်က အစားအသောက်ခက်ခဲနေမှာစိုးလို့ ပို့ပေးချင်တဲ့သူတွေကို လက်မခံတဲ့အကြောင်း နားလည်ပေးဖို့အတွက် သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် “အိမ်မှာ အစားအသောက်အတွက် ခက်ခဲနေမှာစိုးလို့ ပို့ပေးချင်ကြတာ တကယ်ကိုကျေးဇူးတင်ပါတယ်။ ချစ်ကြတာကိုလည်း ကြည်နူးမိပါတယ်။ လက်မခံတာကိုလည်း နားလည်ပေးပါနော်။ Lock Down ချထားတဲ့အိမ်မို့ လာပေးတဲ့သူတွေအတွက် စိတ်ထဲစနိုးစနောက်ဖြစ်မှာစိုးလို့ပါ❤️” ဆိုပြီး မေတ္တာရပ်ခံလာပါတယ်။

နန္ဒာလှိုင်တို့ မိသားစုတွေကတော့ နေအိမ်မှာပဲ ကျန်းကျန်းမာမာရှိနေကြပြီး အေးအေးဆေးဆေးရှိနေကြဆဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း နန္ဒာလှိုင်တို့ မိသားစုလေး အစစအရာရာ အဆင်ပြေဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nandar Hlaing ‘s fb
Bilie – Cele Connections

error: Alert: Content is protected !!