“သူမလည္း ကင္ဆာေရာဂါကို တိုက္ဖ်က္ေနသလို ပရိသတ္ေတြလည္း က်န္းမာေရးဂရုစိုက္ေနၾကဖို႕ သတိေပးစကားဆိုလာတဲ့ မီးမီးခဲ”

CeleConnections Channel ပရိသတ္ႀကီးေရ ကင္ဆာေရာဂါနဲ႕ ေဆးကုသမႈခံယူေနရသူ အဆိုေတာ္ မီးမီးခဲကိုေတာ့ အထူးအေထြမိတ္ဆက္ေပးစရာမလုိေအာင္ ခ်စ္ခင္ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္.။ မီးမီးခဲဟာ သူမရဲ႕ မိသားစုေလးနဲ႕အတူ ၾသစေတးလ်နိုင္ငံမွာပဲ အေျခခ်ေနထိုင္ေနၿပီး သူမရဲ႕ အဆင့္ (၄)ထိျဖစ္ေနတဲ့ ကင္ဆာေရာဂါေဝဒနာကို ကုသမႈ ခံယူေနသူပါ.။

ျပင္းထန္တဲ့ ကင္ဆာေရာဂါရဲ႕ တိုက္ခိုက္မႈေၾကာင့္ ေျခေထာက္ မေလ်ွာက္နိုုင္တဲ့ထိ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြ ရွိလာခဲ့ေပမယ့္ မီးမီးခဲကေတာ့ သူမခ်စ္တဲ့ မိသားစုအနားမွာ ေနခ်င္တဲ့စိတ္နဲ႕ၾကံ႕ၾကံ႕ခံ ကာ ျပင္းထန္တဲ့ ကုသမႈေတြကို ခံယူေနတာပဲျဖစ္ပါတယ္ေနာ္.။ ကုသမႈေတြၾကားက အျပံဳးေတြနဲ႕ လွပေနတဲ့ သူမရဲ႕ ပံုရိပ္ေလးနဲ႕အတူ မီးမီးခဲက ဒီေန႕ စက္တင္ဘာလ (၂၇)ရက္ေန႕မွာ “Long Time No See All My Lovely Fans ❤️❤️ Please stay home and stay safe.” ဆုိၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္.။

မေတြ႕တာၾကာတဲ့ ပရိသတ္မ်ားအတြက္ ပံုေလးတင္ရင္းနဲ႕ Stay Homeကာ Stay Safe ျဖစ္ဖို႕ သတိေပးတိုက္တြန္းလုိက္တာပဲျဖစ္ပါတယ္ေနာ္..CeleConnections Channel ပရိသတ္ႀကီး.။
CeleConnections Channel ပရိသတ္ႀကီးအတြက္လည္း မီးမီးခဲရဲ႕ အားေပးစကားေလးနဲ႕အတူ ခ်စ္စရာေကာင္းတဲ့ ပံုရိပ္ေလးကုိ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္.။

ဖတ္ရႈ႕ေပးခဲ့ၾကတဲ့ CeleConnections Channel ပရိသတ္ႀကီးလည္း ေပ်ာ္ရႊင္သာယာတဲ့ ေန႕ေလးတစ္ေန႕ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႕ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္.။
Source: Mee Mee Khel’s Facebook

Sakura(CeleConnections Channel)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“သူမလည်း ကင်ဆာရောဂါကို တိုက်ဖျက်နေသလို ပရိသတ်တွေလည်း ကျန်းမာရေးဂရုစိုက်နေကြဖို့ သတိပေးစကားဆိုလာတဲ့ မီးမီးခဲ”

CeleConnections Channel ပရိသတ်ကြီးရေ ကင်ဆာရောဂါနဲ့ ဆေးကုသမှုခံယူနေရသူ အဆိုတော် မီးမီးခဲကိုတော့ အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ မီးမီးခဲဟာ သူမရဲ့ မိသားစုလေးနဲ့အတူ သြစတေးလျနိုင်ငံမှာပဲ အခြေချနေထိုင်နေပြီး သူမရဲ့ အဆင့် (၄)ထိဖြစ်နေတဲ့ ကင်ဆာရောဂါဝေဒနာကို ကုသမှု ခံယူနေသူပါ.။

ပြင်းထန်တဲ့ ကင်ဆာရောဂါရဲ့ တိုက်ခိုက်မှုကြောင့် ခြေထောက် မလျှောက်နိုင်တဲ့ထိ နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိလာခဲ့ပေမယ့် မီးမီးခဲကတော့ သူမချစ်တဲ့ မိသားစုအနားမှာ နေချင်တဲ့စိတ်နဲ့ကြံ့ကြံ့ခံ ကာ ပြင်းထန်တဲ့ ကုသမှုတွေကို ခံယူနေတာပဲဖြစ်ပါတယ်နော်.။ ကုသမှုတွေကြားက အပြုံးတွေနဲ့ လှပနေတဲ့ သူမရဲ့ ပုံရိပ်လေးနဲ့အတူ မီးမီးခဲက ဒီနေ့ စက်တင်ဘာလ (၂၇)ရက်နေ့မှာ “Long Time No See All My Lovely Fans ❤️❤️ Please stay home and stay safe.” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

မတွေ့တာကြာတဲ့ ပရိသတ်များအတွက် ပုံလေးတင်ရင်းနဲ့ Stay Homeကာ Stay Safe ဖြစ်ဖို့ သတိပေးတိုက်တွန်းလိုက်တာပဲဖြစ်ပါတယ်နော်..CeleConnections Channel ပရိသတ်ကြီး.။
CeleConnections Channel ပရိသတ်ကြီးအတွက်လည်း မီးမီးခဲရဲ့ အားပေးစကားလေးနဲ့အတူ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်.။

ဖတ်ရှု့ပေးခဲ့ကြတဲ့ CeleConnections Channel ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်.။
Source: Mee Mee Khel’s Facebook

Sakura(CeleConnections Channel)

error: Alert: Content is protected !!