



ယူနီကုဒ်ဖြင့်ဖတ်ရန်

ပိုင်တံခွန်နဲ့ ပက်သတ်တဲ့ သတင်းမှန်သမျှကို မိခင်ကြီးဆီသွားမပို့ဖို့ ပြောလာတဲ့ ပိုင်တံခွန်ရဲ့အစ်မ

မင်းသားချော ပိုင်တံခွန်ကတော့ ပြည်တွင်း ပြည်ပ အားပေးသူ ပရိသတ်ရရှိထားတဲ့ မင်းသားတစ်လက်ပီပီ လူတကာအာရုံစိုက်ခံရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်က အနေအထိုင် အေးဆေးသူတစ်ယောက် ဖြစ်ပေမယ့် သူနဲ့ ပက်သတ်ပြီး ထွက်ရှိတဲ့ သတင်းတွေကတော့ ကောင်းတာတွေရော၊ မကောင်းတာတွေရော ရှိစမြဲပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ပိုင်တံခွန်က သူ့ရဲ့ အချစ်ရေးနဲ့ ပက်သတ်ပြီး ဖွင့်ချခံခဲ့ရတာ ဖြစ်ပါတယ်။

ထိုကိစ္စနဲ့ ပက်သတ်ပြီး ပိုင်တံခွန်က အရိုးသားဆုံးနဲ့ အရှင်းဆုံးအဖြေကိုသာပေးခဲ့ပြီး ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်။ ဒါပေမယ့် ပိုင်တံခွန်ရဲ့ အစ်မဖြစ်သူ မေချစ်သွေး ကတော့ “ပိုင်တံခွန်နဲ့ ပက်သတ်တဲ့ သတင်းမှန်သမျှ အမေ့ထံ သွားမပို့ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောလာပါတယ်။

ပိုင်တံခွန်ရဲ့ အစ်မဖြစ်သူက ပိုင်တံခွန်နဲ့ အနီးကပ်ဆုံးရှိသူတစ်ယောက်လည်းဖြစ်သလို သူတို့ရဲ့ မိဘနှစ်ပါး စိတ်မဆင်းရဲစေဖို့ အခုလိုပဲ ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: May Chit Thway’s fb
Bilie – Cele Connections

error: Alert: Content is protected !!