



Source: Chit Thu Wai’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ဝေဘာဂီဆေးရုံကိုပို့မယ့် အောက်စီဂျင်တိုင်းတဲ့စက်လေးတွေကို မေမေချစ်သုဝေနဲ့ကူပြီး ထုတ်ပိုးကူညီပေးခဲ့တဲ့ ခေတ်နဲ့သစ်

နိုင်ငံကျော် သရုပ်ဆောင်နဲ့ အဆိုတော် ချစ်သုဝေက အနုပညာလောကမှာ အောင်မြင်မှုများစွာနဲ့ ယနေ့အချိန်ထိ ရပ်တည်နေနိုင်သူတစ်ဦးပါ။ ချစ်သုဝေက လက်ရှိမှာတော့ အိမ်ထောင်ရှင်မကြီးတစ်ဦးဖြစ်နေပြီး သမီးနှစ်ယောက်နဲ့အတူတူ သူမရဲ့ခေတ်သစ်ဖောင်ဒေးရှင်းကိုလည်း ဦးစီးနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း ချစ်သုဝေက ဖောင်ဒေးရှင်းအလုပ်ရော အိမ်အလုပ်တွေကိုပါ လုပ်ကိုင်ရင်း နေ့ရက်တိုင်းကို ကုန်ဆုံးနေလျက်ရှိပါတယ်။

ဒီကနေ့မှာတော့ ချစ်သုဝေက သူမရဲ့ ဖောင်ဒေးရှင်းကနေတဆင့် ဝေဘာဂီဆေးရုံက လူနာတွေအသုံးပြုနိုင်ဖို့ pulse oximeterလေးတွေကို လှူဒါန်းရန် စာလေးတွေရေးပြီး ပြင်ဆင်ထုတ်ပိုးနေတာပဲ ဖြစ်ပါတယ်။ ချစ်သုဝေနဲ့အတူတူ သမီးလေးနှစ်ယောက်ဖြစ်ကြတဲ့ ခေတ်လေးနဲ့ သစ်လေးကလည်း မေမေနဲ့အတူတူ ဝိုင်းဝန်းကူညီထုတ်ပိုးခဲ့ပြီး လုပ်အားဒါနပြုခဲ့ကြတာကို အခုလိုပဲ တွေ့ရပါတယ်။

ခေတ်လေးနဲ့ သစ်လေးကတော့ တစ်နေ့တစ်ခြား ချစ်စရာကောင်းလာပြီး လူကြီးတစ်ယောက်လိုလည်း လုပ်တတ်ကိုင်တတ်လာပြီပဲ ဖြစ်ပါတယ်နော်။ ပရိသတ်ကြီးလည်း အရွယ်နဲ့မလိုက်အောင် ချစ်စရာကောင်းလွန်းတဲ့ ခေတ်နဲ့သစ်ကိုကြည့်ပြီး အချစ်ပိုနေမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Chit Thu Wai’s fb
Bilie – Cele Connections

error: Alert: Content is protected !!