Month: September 2020

ဖောင်ဒေးရှင်းအလုပ်တွေနဲ့ စိတ်ပင်ပန်းပေမယ့် ကျောက်ကျောတွေ အပင်ပန်းခံထိုးပြီး လုံခြုံရေးဝန်ထမ်းတွေကို ဝေငှမယ်ဆိုတဲ့ ချစ်သုဝေ

ပရိသတ်တွေ ချစ်ကြတဲ့ နိုင်ငံကျော် သရုပ်ဆောင်နဲ့ အဆိုတော်ဖြစ်သူ ချစ်သုဝေက ဆရာဝန်တစ်ဦးဖြစ်ပေမယ့် သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေသူ တစ်ဦးပါ။ ချစ်သုဝေက လက်ရှိမှာတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ထိန်းကျောင်းရင်းနဲ့ အနုပညာလုပ်ငန်းတွေကို တွဲဖက် လုပ်ကိုင်နေလျက်ရှိပါတယ်။ လက်ရှိမှာ ခေတ်သစ်ဖောင်ဒေးရှင်းအတွက် အိမ်ကနေပဲ ညွှန်ကြားကူညီပေးမှုတွေကို ပြုလုပ်ပေးနေတဲ့ ချစ်သုဝေက ဒီနေ့မှာတော့ဖောင်ဒေးရှင်းအလုပ်တွေနဲ့ စိတ်ပင်ပန်းပေမယ့်
Read More

Live လွှင့်ပြီး ဈေးရောင်းနေတဲ့အချိန် လာရောက်အားပေးတဲ့ နေခြည်ဦးကြောင့် လက်ခုပ်လက်ဝါးတီးကာ ဝမ်းသာပျော်ရွှင်သွားခဲ့တဲ့ ထက်ထက်မိုးဦးရဲ့ ဗီဒီယို

မင်းသမီးချောလေး ထက်ထက်မိုးဦးကတော့ တစ်ချိန်က ကြော်ငြာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သလို ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း လက်မလည်အောင် ရိုက်ကူးခဲ့ရတာပဲ ဖြစ်ပါတယ်။ အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ ထက်ထက်မိုးဦးဟာ အနုပညာအလုပ်တွေကို အရင်ကလောက် မလုပ်ကိုင်ဖြစ်တော့ပေမယ့် ပရိသတ်တွေနဲ့ ထိတွေ့မှုရှိဖို့ အမြဲတမ်း ကြိုးစားနေသူပဲ ဖြစ်ပါတယ်။ လက်ရှိ ကိုဗစ်ကာလမှာတော့ ရုပ်ရှင်ရိုက်ကူးမှုတွေကို ရပ်နားပြီး Live လွှင့်ဈေးရောင်းဖြစ်နေတဲ့ ထက်ထက်မိုးဦးက ဈေးဝယ်သူတွေအပြင်
Read More

ပြောင်းလဲခြင်းမရှိတဲ့ မေတ္တာကို ရရှိဖို့ အရေးကြီးတဲ့ အချက်နှစ်ချက်ကို ပြောပြလာခဲ့တဲ့ အိချောပို

ချောမောပြီး အပြစ်ဆိုစရာမရှိတဲ့မျက်နှာလေးနဲ့ ဂစ်တာရှိတ်လေးလို လှပတဲ့ ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးလေး အိချောပိုကို လူကြီး၊ လူငယ်မရွေး အားပေးကြတာ ဖြစ်ပါတယ်။ အိချောပိုက ရုပ်ရည်ချောမောရုံသာမကပဲ သရုပ်ဆောင်လည်း ကောင်းမွန်တာကြောင့် ရုပ်ရှင်ဇာတ်ကားကြီး တော်တော်များများမှာ နေရာယူထားနိုင်တာပဲ ဖြစ်ပါတယ်။ အိချောပိုကတော့ အနေအေးသူဖြစ်ပြီး သူမရဲ့ ခံစားချက်တွေကို တော်ရုံချပြပြောဆိုလေ့ရှိပေမယ့် ဒီတစ်ခါမှာတော့ ပြောင်းလဲခြင်းမရှိတဲ့ မေတ္တာကို
Read More

မို့မို့မြင့်အောင်မိခင်ကြီးရဲ့ နောက်ဆုံးခရီးကို ဖေးမကူညီပေးခဲ့တဲ့ ကျော်သူရဲ့ နာရေးကူညီမှုအသင်းသားများ

မင်းသမီးချော အကယ်ဒမီ မို့မို့မြင့်အောင်ကတော့ အနုပညာလောကမှာ လူကြီး၊ လူငယ်မရွေး ချစ်ခင်လေးစားမှုကို ခံရသူ ဝါရင့် သမ္ဘာရင့် သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ ဒီကနေ့ စက်တင်ဘာလ (၃၀) ရက်နေ့မှာတော့ မို့မို့မြင့်အောင်ရဲ့ မိခင်ဖြစ်သူ ဒေါ်သန်းရင်က လူကြီးရောဂါနဲ့ ဘဝတစ်ပါးသို့ ကူးပြောင်းကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ မင်းသားကြီး အကယ်ဒမီ ကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်း
Read More

စီနီယာအစ်မကြီး မို့မို့မြင့်အောင်ရဲ့ မိခင် ကွယ်လွန်သွားခြင်းအတွက် ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ကြောင်းပြောလာတဲ့ ဝေဠုကျော်

ဒီကနေ့ စက်တင်ဘာလ (၃၀) ရက်နေ့ မွန်းလွဲပိုင်းမှာတော့ နိုင်ငံကျော် အကယ်ဒမီ မို့မို့မြင့်အောင်ရဲ့ မိခင်ကြီး ဘဝတစ်ပါးသို့ ကူးပြောင်းကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ မို့မို့မြင့်အောင်ရဲ့ ဆုံးရှုံးမှုအတွက် ပရိသတ်တွေက စိတ်မကောင်းဖြစ်ကြသလို အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးကလည်း ဝမ်းနည်းတဲ့အကြောင်းတွေ ထုတ်ဖော်ပြောကြားလာခဲ့တာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင် ဝေဠုကျော်ကလည်း စီနီယာအစ်မကြီး မို့မို့မြင့်အောင်ရဲ့ မိခင် ကွယ်လွန်သွားခြင်းအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်တဲ့အကြောင်းကို အခုလိုပဲ
Read More

သမီးလေး IVY အပြင် မေမေနဲ့ပါ မိသားစုအရင်းအချာလို အဆင်ပြေနေတဲ့ ချစ်သူကြောင့် ဝမ်းသာနေရတဲ့ အေသင်ချိုဆွေ

နိုင်ငံကျော် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အေသင်ချိုဆွေကတော့ အဆိုတော်တစ်ယောက်အဖြစ်သာမက သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ အောင်မြင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အေသင်ချိုဆွေက လက်ရှိမှာတော့ သမီးလေး Ivy ကို ပြုစုပျိုးထောင်နေရင်း အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေသလို သူမရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလည်း အချိန်ပေးလုပ်ကိုင်နေတာကို တွေ့ရပါတယ်။ ပရိသတ်တွေကတော့ ရဲဝံ့ပြီး အရာရာကို ပွင့်ပွင့်လင်းလင်း ပြောဆိုနေထိုင်တဲ့ အေသင်ချိုဆွေကို ဒီနေ့အချိန်ထိ စွဲစွဲမြဲမြဲအားပေးနေကြတာပဲ ဖြစ်ပါတယ်။
Read More

Covid-19 ရောဂါကူးစက်ခံထားရပေမယ့် ဆရာဝန်တစ်ယောက်ဖြစ်တဲ့အတွက် စင်တာထဲက လူနာအချင်းချင်းကို ကူညီကြည့်ရှုပေးနေတဲ့ မောင်

သရုပ်ဆောင် မောင်ကတော့ ဆရာဝန်တစ်ယောက်ဖြစ်ပေမယ့် အနုပညာအလုပ်တွေကို လုပ်ကိုင်စဉ်က သူ့ရဲ့ ဆရာဝန်အလုပ်ကို ရပ်နားခဲ့တာပဲ ဖြစ်ပါတယ်။ အခု အနုပညာအလုပ်တွေကို ရပ်နားလိုက်ချိန်မှာတော့ မောင်က မြန်မာနိုင်ငံဆရာဝန်အသင်းက ထုတ်ပေးတဲ့ ဆေးကုသခွင့်လိုင်စင်ကို ရရှိသွားပြီဆိုပေမယ့် စီးပွားရေးအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေလျက်ရှိပါတယ်။ လတ်တလောမှာတော့ မောင်က သူကိုယ်တိုင် Covid -19 ရောဂါပိုး ကူးစက်ခံထားရတာကြောင့် ဧရာဝတီစင်တာမှာ ဆေးကုသမှုခံယူနေရတာပဲ
Read More

လူကြီးရောဂါနဲ့ ကွယ်လွန်သွားရှာတဲ့ မိခင်ကြီးအတွက် ကြေကွဲစွာခံစားနေရကြောင်း ဖွင့်ဟပြောလာတဲ့ မို့မို့မြင့်အောင်

နိုင်ငံကျော် အကယ်ဒမီများရှင် မို့မို့မြင့်အောင်ကတော့ သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို စိတ်ရောကိုယ်ပါ တစ်သားတည်းကျအောင် သရုပ်ဆောင်နိုင်သူမို့ ပရိသတ်တွေသာမက အနုပညာအသိုင်းအဝိုင်းကပါ လေးစားရသူတစ်ယောက် ဖြစ်ပါတယ်။ ဒီကနေ့ စက်တင်ဘာလ (၃၀) ရက်နေ့မှာတော့ မို့မို့မြင့်အောင်ရဲ့ မိခင်ကြီးက ဘဝတစ်ပါးသို့ကူးပြောင်းကွယ်လွန်သွားခဲ့ပြီး မို့မို့မြင့်အောင်အနေနဲ့လည်း မိခင်ကြီးအတွက် ကြေကွဲစွာခံစားနေရကြောင်း ပြောလာပါတယ်။ “မို့ ကြေကွဲစွာခံစားနေရပါတယ် မို့ မိခင်ကြီး ၊အသက်(၉၉)နှစ်
Read More

မွေးနေ့မှာ လူအယောက် (၂၀၀)စာအတွက် စားသောက်စရာတွေ လှူဒါန်းဖို့ မိသားစုတွေနဲ့အတူ တက်ညီလက်ညီပြင်ဆင်နေတဲ့ ဝေလာရီ

မြင်သူရင်ကို အေးစေတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ ဝေလာရီကတော့ “နှင်းဆီ” ဇာတ်ကားထဲမှာ သွက်လက်တဲ့ မိန်းကလေး မော်အဖြစ် သရုပ်ဆောင်ခဲ့ရင်း ပရိသတ်အားပေးမှုကို ရရှိပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပထမဦးဆုံး ဇာတ်လမ်းတွဲနဲ့တင် ပရိသတ်အားပေးမှုကို ရရှိခဲ့တဲ့ ဝေလာရီကတော့ နောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်လာခဲ့တာပဲ ဖြစ်ပါတယ်။ လူလေးချစ်စရာကောင်းသလို စိတ်သဘောထားလေးလည်းကောင်းမွန်တဲ့ ဝေလာရီက သူမရဲ့ဘဝကို
Read More

ကွယ်လွန်သွားရှာတဲ့ မို့မို့မြင့်အောင်ရဲ့မိခင်ကြီးအတွက် ကိုယ့်ကိုကိုယ်တာဝန်မကျေသလို ခံစားရတယ်ဆိုတဲ့ ရန်အောင်

ရန်အောင်နဲ့ မို့မို့မြင့်အောင်ဆိုတာ အနုပညာလောကမှာ အတွဲညီကြတဲ့ အနုပညာရှင်မောင်နှမတွေပဲ ဖြစ်ပါတယ်။ ရန်အောင်နဲ့ မို့မို့မြင်အောင်က ပြက္ခဒိန်ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း အတူတူသရုပ်ဆောင်ခဲ့ကြပြီး အကယ်ဒမီဆုတွေများစွာကိုလည်း သိမ်းပိုင်ရရှိနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့ စက်တင်ဘာလ (၃၀) ရက်နေ့မှာတော့ မို့မို့မြင့်အောင်ရဲ့ မိခင်ကြီးက ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့တာဖြစ်ပြီး ရန်အောင်ကလည်း မို့မို့မြင့်အောင်အတွက် အခုလိုပဲ မွေးနေ့ဆုတောင်းစကားလေးပြောလာပါတယ်။ “ချစ်ရတဲ့အစ်မ မမို့(မို့မို့မြင့်အောင်)ရဲ့မွေးမိခင်ကြီး
Read More
error: Alert: Content is protected !!