Anniversary ေန့ေလးမွာ ခ်စ္ရတဲ့ ဇနီးေခ်ာေလး အၾကိဳက္ တန္ဖိုးၾကီး နားကပ္တစ္ရံကို လက္ေဆာင္ေပးခဲ့တဲ့ ေရႊထူး

နိုင္ငံေက်ာ္ အနုပညာရွင္နွစ္ေယာက္ျဖစ္တဲ့ ေရႊထူးနဲ့ ေရႊမႈံရတီက ေနနဲ့လ၊ ေရႊနဲ့ျမလို လိုက္ဖက္ညီလြန္းတဲ့ စံုတြဲေလးတစ္တြဲပဲ ျဖစ္ပါတယ္။ ေရႊမႈံရတီက သရုပ္ေဆာင္နယ္ပယ္မွာ ေအာင္ျမင္သလို ေရႊထူးကလည္း ဂီတေလာကရဲ့ အေက်ာ္အေမာ္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြက ေရႊထူးနဲ့ ေရႊမႈံရတီတို့ရဲ့ အနုပညာလုပ္ငန္းအျပင္ လက္ေတြ့ဘဝက သူတို့ဇနီးေမာင္နွံရဲ့ ေနထိုင္မႈပံုစံေလးကိုပါ စိတ္ဝင္တစားနဲ့ အားေပးၾကတာပဲ ျဖစ္ပါတယ္။

လစဥ္လတိုင္းလိုလို မဂၤလာနွစ္ပတ္လည္ေန့ေရာက္တိုင္း တစ္ေယာက္ကိုတစ္ေယာက္ လက္ေဆာင္ေတြေပးေလ့ရိွတဲ့ ေရႊနွစ္ေရႊက ဒီကေန့မွာလည္း Anniversary ေန့ေလးကို တူနွစ္ကိုယ္ယွဥ္တြဲျပီး ျဖတ္သန္းခဲ့တာပဲ ျဖစ္ပါတယ္။ ေရႊမႈံရတီက ခ်စ္ခင္ပြန္းအတြက္ ခ်စ္စရာေကာင္းတဲ့ ကိတ္မုန့္ေလးေတြကို လက္ေဆာင္ေပးခဲ့သလို ေရႊထူးကေတာ့ သူ့ဇနီးေလးရဲ့ အၾကိဳက္ကို သိတတ္စြာနဲ့ နားကပ္တစ္ရံကို လက္ေဆာင္ေပးခဲ့တာပဲ ျဖစ္ပါတယ္။

ေရႊထူးနဲ့ ေရႊမႈံရတီကေတာ့ တစ္ေယာက္ရဲ့လိုအပ္ခ်က္ေတြကိုတစ္ေယာက္ ျဖည့္စည္းေပးရင္း သာယာတဲ့ အိမ္ေထာင္သည္ဘဝေလးကို တည္ေဆာက္ေနၾကတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေရႊထူးနဲ့ ေရႊမႈံရတီရဲ့ ခိုင္မာတဲ့အခ်စ္ေတြကိုၾကည့္ျပီး အားက်ေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Htoo Khant’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

Anniversary နေ့လေးမှာ ချစ်ရတဲ့ ဇနီးချောလေး အကြိုက် တန်ဖိုးကြီး နားကပ်တစ်ရံကို လက်ဆောင်ပေးခဲ့တဲ့ ရွှေထူး

နိုင်ငံကျော် အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက နေနဲ့လ၊ ရွှေနဲ့မြလို လိုက်ဖက်ညီလွန်းတဲ့ စုံတွဲလေးတစ်တွဲပဲ ဖြစ်ပါတယ်။ ရွှေမှုံရတီက သရုပ်ဆောင်နယ်ပယ်မှာ အောင်မြင်သလို ရွှေထူးကလည်း ဂီတလောကရဲ့ အကျော်အမော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေက ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အနုပညာလုပ်ငန်းအပြင် လက်တွေ့ဘဝက သူတို့ဇနီးမောင်နှံရဲ့ နေထိုင်မှုပုံစံလေးကိုပါ စိတ်ဝင်တစားနဲ့ အားပေးကြတာပဲ ဖြစ်ပါတယ်။

လစဉ်လတိုင်းလိုလို မင်္ဂလာနှစ်ပတ်လည်နေ့ရောက်တိုင်း တစ်ယောက်ကိုတစ်ယောက် လက်ဆောင်တွေပေးလေ့ရှိတဲ့ ရွှေနှစ်ရွှေက ဒီကနေ့မှာလည်း Anniversary နေ့လေးကို တူနှစ်ကိုယ်ယှဉ်တွဲပြီး ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ရွှေမှုံရတီက ချစ်ခင်ပွန်းအတွက် ချစ်စရာကောင်းတဲ့ ကိတ်မုန့်လေးတွေကို လက်ဆောင်ပေးခဲ့သလို ရွှေထူးကတော့ သူ့ဇနီးလေးရဲ့ အကြိုက်ကို သိတတ်စွာနဲ့ နားကပ်တစ်ရံကို လက်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီကတော့ တစ်ယောက်ရဲ့လိုအပ်ချက်တွေကိုတစ်ယောက် ဖြည့်စည်းပေးရင်း သာယာတဲ့ အိမ်ထောင်သည်ဘဝလေးကို တည်ဆောက်နေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေထူးနဲ့ ရွှေမှုံရတီရဲ့ ခိုင်မာတဲ့အချစ်တွေကိုကြည့်ပြီး အားကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Htoo Khant’s fb
Bilie – Cele Connections

error: Alert: Content is protected !!