




Source: Wai Lar Ri’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

မြသိန်းတန်စေတီကို သွားရောက်လည်ပတ်စဉ် မြန်မာဝတ်စုံမဝတ်ခဲ့မိတဲ့အတွက် ဝေဖန်ထောက်ပြတဲ့ ပရိသတ်တွေကို နားလည်အောင် ရှင်းပြခဲ့တဲ့ ဝေလာရီ

ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ မင်းသမီးလေး ဝေလာရီက ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်သူတစ်ယောက် ဖြစ်ပါတယ်။ ဝေလာရီက အဆိုတော် လိမ္မော်သီးရဲ့ ညီမအရင်းဖြစ်ပြီး လိမ္မော်သီးနဲ့အတူတူ သီချင်းတွေလည်း သီဆိုလေ့ရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လူငယ်တစ်ယောက်ဖြစ်ပေမယ့် အဝတ်အစားဝတ်တဲ့နေရာမှာ ခေတ်ဆန်ဆန်နဲ့ အမြင်မရိုင်းအောင် ဝတ်စားဆင်ယင်တတ်တဲ့ ဝေလာရီက ဒီတစ်ခေါက်မှာတော့ မြသိန်းတန်စေတီကို သွားရောက်လည်ပတ်စဉ် မြန်မာဝတ်စုံမဝတ်ခဲ့မိတဲ့အတွက် ဝေဖန်အကြံပေးတဲ့ ပရိသတ်တွေကို အခုလိုပဲ ပြောလာပါတယ်။

ပရိသတ်တစ်ယောက်က ” မြသိန်းတန်ဘုရားကြီးမှာ မြန်မာဝတ်စုံသာဝတ်လိုက်င် တော်တော်လှပြီး ကျက်သရေရှိနေမှာပဲ” လို့ ဝေဖန်အကြံပေးခဲ့ပါတယ်။ ထိုကောမန့်နဲ့ ပက်သတ်ပြီး ဝေလာရီက “ဟုတ်ကဲ့ တော်တော်ပူတဲ့အတွက် မနည်းတောင် လမ်းလျှောက်ရပါတယ်။ တခြားသူတွေ အတိုအပြတ်၊ ဂါဝန်မျိုးစုံဝတ်ဆင်ပြီး ရိုက်ကူးနေတဲ့ပုံတွေလည်း တွေ့ဖူးမယ်ထင်ပါတယ်။ ညီမဝတ်ထားတာ ခေါင်းအစ ခြေအဆုံး လုံခြုံပါတယ်ရှင်။ အကြံပြုပေးတာတော့ ကျေးဇူးအများကြီးတင်ပါတယ်။” ဆိုပြီး ပြန်လည် တုံ့ပြန်ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ဝေလာရီကတော့ သူမရဲ့ ပရိသတ်တွေရဲ့ ဝေဖန်အကြံပေးမှုကို သေချာလေး လိုက်နာသလို ပရိသတ်တွေကိုလည်း နားလည်အောင် ရှင်းပြနိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝေလာရီပြောတာလေးကိုကြည့်ပြီး ဝေလာရီကို နားလည်သဘောပေါက်ကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Wai Lar Ri’s fb
Bilie – Cele Connections

error: Alert: Content is protected !!