



ယူနီကုဒ်ဖြင့်ဖတ်ရန်

အသက်အရွယ်တွေများစွာကွာခြားသွားပြီဆိုပေမယ့် ငယ်ငယ်က အိုက်တင်အမူအယာတွေကျန်ရှိနေဆဲဖြစ်တဲ့ ထက်ထက်မိုးဦးရဲ့ ကြော်ငြာရိုက်ကွင်းပေါ်က ဗီဒီယို

ထက်ထက်မိုးဦးလို့ ဆိုလိုက်တာနဲ့ ချစ်စရာအမူအယာလေးတွေသုံးပြီး အိုက်တင်ပါးပါးလေးတွေနဲ့ သရုပ်ဆောင်တတ်တဲ့ မင်းသမီးချောတစ်ယောက်ကို မြင်ယောင်မိကြမယ် ထင်ပါတယ်။ ထက်ထက်မိုးဦးက တစ်ခေတ်တစ်ခါက ကြော်ငြာဘုရင်မလို့ တင်စားရလောက်အောင် တီဗီကြော်ငြာတွေများစွာမှာ ဦးဆောင်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ထက်ထက်မိုးဦးက အသက် ငါးဆယ်နီးပါးအရွယ်ကို ရောက်နေပြီဖြစ်ပြီး အရင်ကလောက် အနုပညာအလုပ်တွေကို မလုပ်ကိုင်ဖြစ်တော့တာကို တွေ့ရပါတယ်။

သူမကိုယ်တိုင်ရဲ့ ကျန်းမာရေးအခြေအနေအရရော၊ သူမဖခင်ရဲ့ ကျန်းမာရေးအခြေအနေတွေကြောင့် အနုပညာအလုပ်တွေနဲ့ လအတန်ကြာ အဆက်အသွယ်ပြတ်တောက်သွားခဲ့တဲ့ ထက်ထက်မိုးဦးက ဒီနေ့မှာတော့ သူမရဲ့ ကြော်ငြာရိုက်ကွင်းပေါ်က အမှတ်တရကို Live လွှင့်ပြီး ပြသလာပါတယ်။ ထက်ထက်မိုးဦးက အသက်အရွယ်တစ်ခုရောက်ရှိနေပြီဆိုပေမယ့် ပရိသတ်တွေသိခဲ့တဲ့ ထက်ထက်မိုးဦးရဲ့ အိုက်တင်အတိုင်း မပြောင်းလဲသေးတာကို ပရိသတ်ကြီးလည်း တွေ့မြင်နိုင်ပါတယ်။

ထက်ထက်မိုးဦးကတော့ အသက်အရွယ်တွေများစွာကွာခြားသွားပြီဆိုပေမယ့် ငယ်ငယ်က အိုက်တင်အမူအယာတွေကျန်ရှိနေဆဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ထက်ထက်မိုးဦးရဲ့ ကြော်ငြာအသစ်လေးကို စောင့်မျှော်အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Htet Htet Moe Oo’s fb
Bilie – Cele Connections

error: Alert: Content is protected !!