အနုပညာအသိုင္းအဝုိင္းမွာ ျမင္ရေတြ့ရတာေတြကိုၾကည့္ျပီး တရားသေဘာနဲ့ ဆင္ျခင္ျပီးေျပာလာတဲ့ မင္းေမာ္ကြန္း

ပရိသတ္ေတြရဲ႕ အသည္းစြဲ မင္းသားေခ်ာ မင္းေမာ္ကြန္းက အနုပညာေလာကမွာ ဆယ္စုႏွစ္မ်ားစြာ ေအာင္ျမင္မႈမ်ားစြာ ဆြတ္ခူးရရိွထားသူပါ။ သူ႔ရဲ႕ သရုပ္ေဆာင္ေကာင္းမႈနဲ႔ က်ရာဇာတ္ရုပ္ကို စိတ္ဝင္တစား အာရံုစိုက္ လုပ္ကိုင္တတ္တာေၾကာင့္ အကယ္ဒမီဆုတစ္ဆုကို ထိုက္ထိုက္တန္တန္ ရရိွထားသူပါ။ အရင္ကတည္းက အေနအထိုင္ေအးေဆးတည္ျငိမ္တဲ့ မင္းေမာ္ကြန္းက လက္ရိွမွာလည္း အနုပညာအလုပ္ေတြကိုလုပ္ကိုင္ရင္း သူ့ရဲ့မိသားစုေလးနဲ့ ေအးခ်မ္းစြာေနထိုင္ေနလ်က္ရိွပါတယ္။

ဘယ္ကိစၥကိုမဆို ေတာ္ရံုမေျပာေလ့ရိွတဲ့ မင္းေမာ္ကြန္းက လက္ရိွ အနုပညာအသိုင္းအဝိုင္းမွာျဖစ္ေနၾကတဲ့ ျပႆနာေတြကိုၾကည့္ျပီး သူ့ရဲ့စိတ္ထဲမွာ ခံစားေနရပံုေပၚပါတယ္။ မင္းေမာ္ကြန္းက သူ့အသိုင္းအဝိုင္းမွာ အခ်င္းခ်င္းစိတ္ဝမ္းကြဲေနမႈေတြကိုၾကည့္ျပီး “အထင္ေသးျခင္း အခ်င္းခ်င္း ကင္းရွင္းၾကပါေစ။ ဆင္းရဲလိုျခင္း အခ်င္းခ်င္း ကင္းရွင္းၾကပါေစ” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝေျပာလာတာကုိ ေတြ့ရပါတယ္။

မင္းေမာ္ကြန္းရဲ့ ပို့ေအာက္မွာေတာ့ ယုန္ေလးက အဓိပၸာယ္ပါတဲ့ Emoji ေလးကို မန့္ထားတာမို့ မင္းေမာ္ကြန္းတစ္ေယာက္ ဘာကိုေျပာခ်င္လဲဆိုတာ ပရိသတ္ၾကီး နားလည္သေဘာေပါက္ၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။


Source: Kyaw Kyaw Htay Lwin’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အနုပညာအသိုင်းအဝိုင်းမှာ မြင်ရတွေ့ရတာတွေကိုကြည့်ပြီး တရားသဘောနဲ့ ဆင်ခြင်ပြီးပြောလာတဲ့ မင်းမော်ကွန်း

ပရိသတ်တွေရဲ့ အသည်းစွဲ မင်းသားချော မင်းမော်ကွန်းက အနုပညာလောကမှာ ဆယ်စုနှစ်များစွာ အောင်မြင်မှုများစွာ ဆွတ်ခူးရရှိထားသူပါ။ သူ့ရဲ့ သရုပ်ဆောင်ကောင်းမှုနဲ့ ကျရာဇာတ်ရုပ်ကို စိတ်ဝင်တစား အာရုံစိုက် လုပ်ကိုင်တတ်တာကြောင့် အကယ်ဒမီဆုတစ်ဆုကို ထိုက်ထိုက်တန်တန် ရရှိထားသူပါ။ အရင်ကတည်းက အနေအထိုင်အေးဆေးတည်ငြိမ်တဲ့ မင်းမော်ကွန်းက လက်ရှိမှာလည်း အနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်း သူ့ရဲ့မိသားစုလေးနဲ့ အေးချမ်းစွာနေထိုင်နေလျက်ရှိပါတယ်။

ဘယ်ကိစ္စကိုမဆို တော်ရုံမပြောလေ့ရှိတဲ့ မင်းမော်ကွန်းက လက်ရှိ အနုပညာအသိုင်းအဝိုင်းမှာဖြစ်နေကြတဲ့ ပြဿနာတွေကိုကြည့်ပြီး သူ့ရဲ့စိတ်ထဲမှာ ခံစားနေရပုံပေါ်ပါတယ်။ မင်းမော်ကွန်းက သူ့အသိုင်းအဝိုင်းမှာ အချင်းချင်းစိတ်ဝမ်းကွဲနေမှုတွေကိုကြည့်ပြီး “အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပြောလာတာကို တွေ့ရပါတယ်။

မင်းမော်ကွန်းရဲ့ ပို့အောက်မှာတော့ ယုန်လေးက အဓိပ္ပာယ်ပါတဲ့ Emoji လေးကို မန့်ထားတာမို့ မင်းမော်ကွန်းတစ်ယောက် ဘာကိုပြောချင်လဲဆိုတာ ပရိသတ်ကြီး နားလည်သဘောပေါက်ကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Kyaw Kyaw Htay Lwin’s fb
Bilie – Cele Connections

error: Alert: Content is protected !!