တစ်လအတွင်း အဖြစ်အပျက်တွေမျိုးစုံနဲ့ကြုံဆုံခဲ့ရတဲ့အပြင် ကိုယ့်ကိုကိုယ် ထိန်းထိန်းသိမ်းသိမ်းနေလိုက်တာကြောင့် (၁၄)ပေါင်အထိ ဝိတ်ကျသွားခဲ့တဲ့ သားညီ

နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ သားညီက အေးအေးဆေးဆေးနဲ့ ပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်ပေမယ့် ဒီဇူလိုင်လကတော့ သူ့အတွက် ဝမ်းနည်းစရာတွေ စုပြုံခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ သားညီက သူ့ရဲ့အားကိုးအားထားပြုရတဲ့ ဦးလေးဆရာသမား ဦးကျော်ဟိန်းကို ဆုံးရှုံ့းလိုက်ရသလို အလုပ်တွေကိုလည်း အရင်လို ပြန်လည်မစတင်နိုင်သေးတာကြောင့် စိတ်ထောင်းကိုယ်ကြေ ဖြစ်နေရရှာတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သားညီက တစ်လအတွင်း အဖြစ်အပျက်တွေမျိုးစုံနဲ့ကြုံဆုံခဲ့ရတဲ့အပြင် ကိုယ့်ကိုကိုယ် ထိန်းထိန်းသိမ်းသိမ်းနေလိုက်တာကြောင့် (၁၄)ပေါင်အထိ ဝိတ်ကျသွားခဲ့တဲ့အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။

“17.6.2020 – 17.7.2020 လေးလတာ ခရီးမှာ တစ်လတော့ကုန်သွားပြီ။ အချိုရည်၊ သကြား၊ ဆီကြော်မုန့်တွေ ညစာထမင်းတွေနဲ့ ဝေးခဲ့တာ တစ်လပြည့်ပြီ ။ အရွက်ပြုတ်တွေကို စကြိုက်လာပြီ ။ အစကစားမရဘူး ။ လမ်းတွေလျောက်လွန်းလို့ အိမ်ကကြွေပြားတွေလည်း ပါးလာပြီ ။ 203 ပေါင်ကနေ 189 ပေါင် ဖြစ်လာပြီ။ သုံးလကျန်သေးတယ် Fighting သားညီ !!!” ဆိုပြီး သူ့ကိုယ်သူ အားပေးစကားလေး ပြောထားတာကို တွေ့ရပါတယ်။

သားညီကတော့ စိတ်ညစ်စရာကိစ္စတွေကြားထဲကမှ ရလဒ်ကောင်းတစ်ခုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ သားညီတစ်ယောက် ဖြစ်ချင်တဲ့ ပန်းတိုင်ကို အောင်အောင်မြင်မြင်နဲ့ ရောက်ရှိသွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Thar Nyi’s fb
Bilie – Cele Connections

error: Alert: Content is protected !!