



Source :KuKuZinAung
ယူနီကုတ်ဖြင့်ဖတ်ရန်

” မိတ်ကပ်တွေပြင်စရာမလိုဘဲ သဘာဝအတိုင်း ထိရက်စရာမရှိအောင်ချောမောလွန်းတဲ့အလှရှိကြောင်းသက်သေပြလိုက်တဲ့ ကူးကူးဇင်အောင်”

CeleConnections ပရိသတ်ကြီးရေ ကူးကူးဇင်အောင်ကတော့ တက်သစ်စ သရုပ်ဆောင် မင်းသမီးတစ်ဦးဖြစ်ပြီး သူမရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တဲ့ ” သူစိမ်းအိမ်”ဇာတ်ကားမှာ ” မြ” ကာရိုက်တာနဲ့ ပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ တက်သစ်စသရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် သဘာရင့်ဝါရင့် အကယ်ဒမီ အနုပညာရှင်များနဲ့ တွဲဖက်သရုပ်ဆောင်တဲ့အခါမှာ သူမရဲ့ ဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ အသစ်တစ်ယောက်လို့တောင်မထင်မှတ်ရလောက်အောင် မျက်နှာအမူအရာ အပြောင်းအလဲစကားပြောဆိုပုံတွေကအစ ပရိသတ်တွေအတွက် အံ့အားသင့်စေကာ အောင်မြင်မှုရရှိလာသူဆိုလာ်းမမှားပါဘူး

တစ်ချို့ ပရိသတ်တွေကလည်း ချစ်စနိုးနဲ့ ဇာတ်ကောင်နာမည်ကိုပဲ အစွဲပြုကာ “မြ”လို့ အခုချိန်ထိခေါ်ဆိုနေကြတာတွေ့ရပါတယ်။ ဒုတိယဇာတ်ကားကြီးအနေနဲ့ ” လရဲ့အောက်ဘက်မိုင်အဝေး “ရုပ်ရှင်ဇာတ်ကားမှာ ဝါရင့်မင်းသမီးကြီးအူဝဲ နဲ့ တွဲဖက်ကာသရုပ်ဆောင်ထားပြီး လတ်တလောမှာလည်း သူမရဲ့တတ်ယမြောက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ” Yangon In Love ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ထပ်မံတွေ့ရှိရဦးမှာပါနော်။

ဒီနေ့မှာတော့ သူမကြိုက်တဲ့ အပြာရောင် အဝတ်အစားလေးနဲ့ အတူ သဘာဝအတိုင်းလှနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ဝေမျှခဲ့တာပါ။ သူမရဲ့ပရိသတ်တွေကတော့ တနေ့တခြား ပိုပိုလှလာတဲ့ ကူးကူးဇင်အောင်ရဲ့ပုံရိပ်လေးတွေကို ချစ်မဝဖြစ်နေတဲ့မှတ်ချက်လေးတွေပေးနေကြတာပါပဲ။CeleConnectionsပရိသတ်ကြီးထဲမှာရော ကူးကူးဇင်အောင်ရဲ့ ပရိသတ်တွေရှိရင် မှတ်ချက်ပေးခဲ့ပါဦးနော်။

Source :KuKuZinAung
Candy –CeleConnections

error: Alert: Content is protected !!