

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“သူမရဲ့ မုန့်ဟင်းခါးကို မှာယူပြီး အိမ်ရောက်သွားတဲ့အချိန် ချစ်စဖွယ်လေး ပြုမူပေးတဲ့ မင်းသမီးကြီး ဝါဝါဝင်းရွှေရဲ့ အပြုအမူလေးကြောင့် ပျော်ရွှင်မဆုံးဖြစ်နေတဲ့ အေးသီတာ”

ဇာတ်ရုပ်တိုင်းအတွက် ဘယ်နေရာကမဆို ပါဝင်သရုပ်ဆောင်သူ သရုပ်ဆောင် အေးသီတာကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ဇာတ်ကားတိုင်းမှာ အရံဇာတ်ရုပ်ကနေ သရုပ်ဆောင်ရပေမယ့် အဓိက ဇာတ်ရုပ်တွေကို အကောင်းဆုံး ထောက်ပံ့ပေးကာ သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်.။ ပွင့်ပွင့်လင်းလင်းနဲ့ ပျော်ပျော်နေတတ်တဲ့ သူမရဲ့ အမူအကျင့်လေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားရသူပါ.။

လတ်တလောမှာ အနုပညာအလုပ်တွေကို ရပ်နားထားရတာကြောင့် ဝမ်းရေးအတွက် ကိုယ်တိုင် မုန့်ဟင်းခါး ချက်ရောင်းကာ အွန်လိုင်းကနေ မှာယူနိုင်ပြီး အိမ်အရောက်ပို့ပေးတဲ့ အလုပ်ကို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်.။ ဒီနေ့ ဇွန်လ (၆)ရက်နေ့မှာတော့ အေးသီတာက သူမရဲ့ မုန့်ဟင်းခါးကို နာမည်ကြီး မင်းသမီးကြီး ဝါဝါဝင်းရွှေရဲ့ မှာယူမှုကို အိမ်အရောက်ပို့ပေးရင်း မတွေ့တာကြာတဲ့ အမေလို ချစ်ခင်လေးစားရတဲ့ မင်းသမီးကြီး ဝါဝါဝင်းရွှေရဲ့ အပြုအမူလေးတွေကြောင့် ပျော်နေရတဲ့ အကြောင်းလေးကို “ကဲတို့မာမီမုန့်ဟင်းခါးဝယ်စား မုန့်ဖိုးပေး၊ ပန်းပန်ပေး ဘယ်လောက်သာယာလဲ..။ ကျေးဇူးပါချစ်တဲ့ မာမီမီဝါသက်ရှည်ကျန်းမာ စိတ်ချမ်းသာပါစေ ။ အမြဲလှနေပါစေ အရမ်းချစ်ပါတယ်မာမီWa Wa Win Shwe” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

လေးစားချစ်ခင်ရတဲ့ မင်းသမီးကြီး ဝါဝါဝင်းရွှေရဲ့ချစ်စဖွယ်လေး ပြုမူမှုလေးတွေကြောင့် အေးသီတာတစ်ယောက် ပျော်ရွှင်မဆုံးဖြစ်နေတဲ့ပုံပါပဲနော်..ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးလည်း ရိုးသားစွာ ဝမ်းရေးအတွက် လုပ်ကိုင်နေသူ သရုပ်ဆောင် အေးသီတာကို အားပေးချစ်ခင်ရင် မှတ်ချက်လေးတွေ ရေးပေးခဲ့ပါဦးနော်.။
Source: Aye Thidar’s facebook

Sakura(Cele Connections)

error: Alert: Content is protected !!