” ခြံထဲက ပိတောက်ပန်းတွေကို ကိုယ်တိုင်စိတ်ကြိုက်ခူးကာ ပျော်ရွှင်နေတဲ့ မေမြင့်မိုရ်ရဲ့ ဗီဒီယိုဖိုင် “

CeleConnections မင်းသမီး မေမြင့်မိုရ်ဟာ MRTV-4ဇာတ်လမ်းတွဲများနဲ့ ပရိသတ်ရဲ့ အထူးနှစ်ခြိုက်အားပေးခြင်းခံရတဲ့ မင်းသမီးလေးတစ်လက်ဖြစ်ပြီး ဇာတ်လမ်းတွဲတွေ စတင်ခေတ်စားလာတည်းက ပန်းနုသွေး အနေနဲ့ ပရိသတ်တွေစတင်အားပေးဝန်းရံခံခဲ့ရသူလေးပါ။ထပ်မံပြီး ပရိသတ်တွေ အရမ်းနှစ်သက်အားပေးခဲ့ကြတဲ့ ဆရာမကြီးစန္ဒာရဲ့ ဝတ္ထု ဖြစ်တဲ့ ” အရိပ် ” ဇာတ်လမ်းတွဲမှာလည်း ” စုစုလှိုင် “အဖြစ် နဲ့ ပရိသတ်တွေကိုဆွဲခေါ်ခဲ့နိုင်သူတစ်ဦးလို့ဆိုရမှာပါ။ပုဂံမြို့သူဇာတ်ကား မှာလည်း အစော ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်အားပေးမှု အပြည့်အဝရရှိထားသူလေးဆိုလည်း မမှားပါဘူးနော်။

 

 

အာမခံပရိသတ်များကို ရရှိနေပြီဖြစ်တဲ့ မင်းသမီးလေး မေမြင့်မိုရ်ကတော့ ယခုအချိန်မှာ ရုပ်ရှင်ဇာတ်ကားကြီးများကိုလည်း လက်ခံရိုက်ကူးနေပြီလို့ သိရပါတယ်။Star Awards (2018 ) Rising Star ဆုကို လည်း ရရှိထားသူတစ်ယောက်ဖြစ်တဲ့အပြင် ယောကျာ်းလေးပရိသတ်တွေသည်းသည်းလှုပ်အားပေးခံရတဲ့ အပြင် အရမ်းကို မဟာဆန်လွန်းတဲ့ ရုပ်ရည်သွင်ပြင်ကြောင့် မိန်းကလေးပရိသတ်တွေ အားကျခြင်းခံနေရတဲ့ မော်ဒယ်လ် မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။

 

 

မေမြင့်မိုရ်ကတော့ လက်ရှိမှာ အိမ်မှာပဲStay Homeနေထိုင်ကာ အချိန်တွေကို မိသားစုနဲ့အတူကုန်ဆုံးနေတာပါ။ လက်ရှိမှာ သူမရဲ့ ခြံထဲက ပိတောက်ပန်းတွေကိုကိုယ်စိတ်ကြိုက်ခူးကာ ပျော်ရွှင်နေတဲ့အပြင် ပိတောက်ကိုချစ်တဲ့မြန်မာမိန်းကလေးဆိုတဲ့အတိုင်း အဝါရောင် မြန်မာဝတ်စုံအပြင် မြန်မာတို့ရဲ့ ဓလေ့အ​တိုင်း သနပ်ခါး ပါးကွက်ကြားလေးလိမ်းကာ အရမ်းကို နန်းဆန်နေတယ်လို့ဆိုရမှာပါ။CeleConnectionsပရိသတ်ကြီးလည်း မေမြင့်မိုရ်ရဲ့ ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး ရင်ထဲအေးမြစေရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

 

 

Source : May Myint Mo
Candy -CeleConnections
ယူနီကုဒ်ဖြင့်ဖတ်ရန်

error: Alert: Content is protected !!