” အႏုပညာညီအစ္မတစ္ဦးျဖစ္တဲ့ ထြန္းအိျႏၵာဗိုလ္အတြက္ သတိတရနဲ႕ ေမြးေန​့ဆုမြန္ေကာင္းေတာင္းေပးခဲ့တဲ့ လင္းဇာနည္ေဇာ္ “

CeleConnections ပရိသတ္ႀကီးေရ လင္းဇာနည္ေဇာ္ကေတာ့ အၿမဲေပ်ာ္ေပ်ာ္ေနကာ အဆင့္အတန္းမခြဲ ျခားဘဲ ဟိတ္ဟန္မရွိတဲ့ ဝါရင့္မင္းသမီးႀကီးတစ္လက္ပါ။ Single Motherအျဖစ္ ရဲရဲဝံ့ဝံ့ရပ္တည္ကာ အခုဆိုရင္အႏုပညာအလုပ္အျပင္ သူမရဲ႕ကိုယ္ပိုင္စီးပြားေရးစားေသာက္ကုန္ေတြကိုလည္း လုပ္ကိုင္လ်က္ရွိသူပါ။လင္းဇာနည္ကေတာ့ ခ်စ္စရာေကာင္းတဲ့သမီးေခ်ာ အလိမၼာေလး ျမဴလင္းကိုကို ကိုလည္း ပိုင္ဆိုင္ထားကာ ျမဴလင္းေလးကိုပရိသတ္ေတြကလည္း သဲသဲလႈပ္ခ်စ္ခင္အားေပးၾကတာပါပဲေနာ္။

 

 

ဆယ္စုႏွစ္တစ္ခုအၾကာေအာင္ျမင္လာခဲ့ၿပီး အခုခ်ိန္မွာလည္း ႐ုပ္ရွင္ဇာတ္ကားေတြကို ႐ိုက္ကူးေနရဆဲ ပဲ ျဖစ္ပါတယ္။လင္းဇာနည္ေဇာ္ကေတာ့ အႏုပညာေမာင္နွမေတြအေပၚမွာလည္း ေဖာ္ေ႐ြပ်ဴကာတဲ့ မင္းသမီးတစ္လက္ျဖစ္ၿပီး တက္သစ္အႏုပညာရွင္ေတြကိုလည္း လက္တြဲေခၚယူကာ သင္ၾကားေပးတတ္တဲ့သူတစ္ေယာက္ပါ။

 

ဒီေန႔ေမလ (၁)ရက္ေန႔ကေတာ့ သူမရဲ႕ အႏုပညာညီအစ္မတစ္ဦးျဖစ္တဲ့ ထြန္းအိျႏၵာဗိုလ္ရဲ႕ေမြးေန႔ရက္ျမတ္ေလးပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြ အထူးအားေပးခဲ့ရတဲ့ “သူစိမ္းအိမ္”ဇာတ္ကားမွာလည္း အတြဲညီစြာပါဝင္ခဲ့ၾကတဲ့ အႏုပညာညီအစ္မေတြပါပဲေနာ္။”Happy Birthdayပါခ်စ္မေရဘဝမွာ..ျဖစ္ခ်င္တာ.. ျဖစ္သင့္တာျဖစ္ေနတာ ေတြအားလုံး..တစ္ထပ္တည္းက်ပါေစ..ကိုဗစ္ပီးရင္ေတာ့မုန္႔ေကြၽးပါ”ဆိုတဲ့စာေလးနဲ႔ သတိတရေမြးေန​့ဆုမြန္ေကာင္းေတာင္းေပးခဲ့တာပါ။CeleConnectionsပရိသတ္ႀကီးလည္း ထြန္းအိျႏၵာဗိုလ္အတြက္ေမြးေန႔ဆုမြန္ေကာင္းေတာင္းေပးခဲ့ပါဦးေနာ္။

 

Source: LinnZarniZaw
Candy -CeleConnections
ယူနီကုတ္ျဖင့္ဖတ္ရန္

” အနုပညာညီအစ်မတစ်ဦးဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်အတွက် သတိတရနဲ့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ လင်းဇာနည်ဇော် ”

CeleConnections ပရိသတ်ကြီးရေ လင်းဇာနည်ဇော်ကတော့ အမြဲပျော်ပျော်နေကာ အဆင့်အတန်းမခွဲ ခြားဘဲ ဟိတ်ဟန်မရှိတဲ့ ဝါရင့်မင်းသမီးကြီးတစ်လက်ပါ။ Single Motherအဖြစ် ရဲရဲဝံ့ဝံ့ရပ်တည်ကာ အခုဆိုရင်အနုပညာအလုပ်အပြင် သူမရဲ့ကိုယ်ပိုင်စီးပွားရေးစားသောက်ကုန်တွေကိုလည်း လုပ်ကိုင်လျက်ရှိသူပါ။လင်းဇာနည်ကတော့ ချစ်စရာကောင်းတဲ့သမီးချော အလိမ္မာလေး မြူလင်းကိုကို ကိုလည်း ပိုင်ဆိုင်ထားကာ မြူလင်းလေးကိုပရိသတ်တွေကလည်း သဲသဲလှုပ်ချစ်ခင်အားပေးကြတာပါပဲနော်။

ဆယ်စုနှစ်တစ်ခုအကြာအောင်မြင်လာခဲ့ပြီး အခုချိန်မှာလည်း ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးနေရဆဲ ပဲ ဖြစ်ပါတယ်။လင်းဇာနည်ဇော်ကတော့ အနုပညာမောင်နှမတွေအပေါ်မှာလည်း ဖော်ရွေပျူကာတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး တက်သစ်အနုပညာရှင်တွေကိုလည်း လက်တွဲခေါ်ယူကာ သင်ကြားပေးတတ်တဲ့သူတစ်ယောက်ပါ။

ဒီနေ့မေလ (၁)ရက်နေ့ကတော့ သူမရဲ့ အနုပညာညီအစ်မတစ်ဦးဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်ရဲ့မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ အထူးအားပေးခဲ့ရတဲ့ “သူစိမ်းအိမ်”ဇာတ်ကားမှာလည်း အတွဲညီစွာပါဝင်ခဲ့ကြတဲ့ အနုပညာညီအစ်မတွေပါပဲနော်။”Happy Birthdayပါချစ်မရေဘဝမှာ..ဖြစ်ချင်တာ.. ဖြစ်သင့်တာဖြစ်နေတာ တွေအားလုံး..တစ်ထပ်တည်းကျပါစေ..ကိုဗစ်ပီးရင်တော့မုန့်ကျွေးပါ”ဆိုတဲ့စာလေးနဲ့ သတိတရမွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တာပါ။CeleConnectionsပရိသတ်ကြီးလည်း ထွန်းအိန္ဒြာဗိုလ်အတွက်မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါဦးနော်။

Source: LinnZarniZaw
Candy -CeleConnections

 

error: Alert: Content is protected !!