

 

 


 

 


 

ယူနီကုတ်ဖြင့်ဖတ်ရန်

” အမေနဲ့အတူ ပျော်စရာကောင်းတဲ့အရာလေးတစ်ခု ပြုလုပ်ခဲ့တဲ့ နီနီခင်ဇော်ရဲ့ ဗီဒီယိုဖိုင် ”

CeleConnections ပရိသတ်ကြီးရေ နီနီခင်ဇော်ကတော့ Melody World သီချင်းအဆို ပြိုင်ပွဲ ကနေ ပရိသတ်တွေသတိထားမိလာပြီး လက်ရှိအချိန်မှာတော့ဂီတလောကမှာ အောင်မြင်ကျော်ကြားတဲ့အ ဆိုတော် တစ်ယောက်အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ သီချင်းတိုင်းကို အသံပါဝါအားကောင်းကောင်းနဲ့ သီဆိုတတ်သူဖြစ်ပြီး သူမထွက်ရှိလာတဲ့ သီချင်းအသစ်တွေတိုင်းဟာ မိန်းကလေးပရိသတ်တွေပါးစပ်ဖျားမှာ ရေပန်းစားအောင် သီဆိုနိုင်သူလို့ ဆိုရမှာပါ။

သူမကတော့ အခုလို Covid19 ကာလမှာ အနုပညာရှင်တစ်ချို့နဲ့အတူ ပရိသတ်တွေအတွက် ဆောင်ရန်ရှောင်ရန်တွေကို ဝေမျှခဲ့ပါသေးတယ်။ လက်ရှိမှာလည်း သူမရဲ့မေမေနဲ့အတူTikTokလေးဆော့ကစားခဲ့တာပဲဖြစ်ပါတယ်။ Home Stayနေရင်း အမေနဲ့အတူ ရယ်မောကာ ဆံပင်စတိုင်ချိန်းတဲ့TikTokလေးဆော့ကစားခဲ့တာပါနော်။

TilTokပရိသတ်တွေကတော့ နီနီတို့သားအမိကို ချစ်စရာကောင်းတယ်လို့ မှတ်ချက်တွေပေးနေကြတာပါ။CeleConnectionsပရိသတ်တွေလည်း နီနီခင်ဇော်တို့သားအမိရဲ့TikTokလေးကိုကြည့်ပြီး သဘောကျရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source: NiNiKhinZaw ‘ TikTok
Candy -CeleConnections

error: Alert: Content is protected !!