

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“အိမ်မှာနေတာကြာပြီး အပြင်ထွက်တဲ့ အချိန်လေးမှာ ပျော်မဆုံးဖြစ်နေတဲ့ နန်းမြတ်ဖြိုးသင်းသားလေး Jack Jack ရဲ့ ဗီဒီယိုဖိုင်”

သရုပ်ဆောင် အဆိုတော်မလေး နန်းမြတ်ဖြိုးသင်းကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ဘာဘီအရုပ်မလေးလိုလှပပြီး ချစ်စရာကောင်းလွန်းတဲ့ နန်းမြတ်လေးကတော့ အဆိုတော် ဘဝကနေ သရုပ်ဆောင်ဘဝကို ကူးပြောင်းကာ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်.။ လက်ရှိမှာတော့ ချစ်ခင်ကြင်နာတဲ့ ခင်ပွန်းဖြစ်သူနဲ့အတူ ချစ်စရာကောင်းတဲ့သားလေးကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးမှာ ပျော်ရွှင်နေတဲ့သူပါ။

နန်းမြတ်လေးကတော့ ချစ်စရာကောင်းလွန်းတဲ့ သားလေး Jack Jack ရဲ့ ပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ.။ ဒီနေ့ မေလ(၁)ရက်နေ့မှာတော့ သားလေး Jack Jack လေးကို အိမ်ထဲမှာ နေတာကြာလို့ အပြင်ခေါ်သွားတဲ့ ဗီဒီယိုဖိုင်လေးကို “လောကကြီးမှာ လူတွေအများကြီး ရှိသေးတယ်.။ ဆိုတာလိုက်ပြရသေးတာ မိသားစုဝင်တွေပဲ လူရှိတယ်ထင်နေမှာစိုးလို့.။ (ကားကရပ်ထားတာ တစ်ပတ်လောက်ရှိပြီ ဘယ်မှလဲမသွားထားဘူးနော် ကလေးပါတော့စိတ်ပူနေကြမှာစိုးလို့)” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

နန်းမြတ်ကတော့ သားလေး Jack Jack ကို အိမ်မှာနေတာကြာပြီး မိသားစုတွေပဲ လူရှိတယ် ထင်နေမှာစိုးလို့ အပြင်မှာလည်း လူတွေရှိတဲ့ အကြောင်းလေးကို အပြင်ထွက် ခေါ်ပြဖြစ်တာဆိုကာ တင်လာခဲ့တာပဲဖြစ်ပါတယ်.။ ဘယ်လိုပဲဖြစ်ဖြစ် သားလေးJack Jack လေးကတော့ အပြင်ထွက်ရလို့ ပျော်ရွှင်နေတဲ့ ပုံပါပဲနော် ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးလည်း ချစ်ဖို့ကောင်းလွန်းတဲ့ နန်းမြတ်ဖြိုးသင်းသားလေး Jack Jack ရဲ့ အပြင်လည်လည်ထွက် ဗီဒီယိုဖိုင်လေးကို ပြန်လည် မျှဝေပေးလိုက်ပါတယ်နော်.။
Source: Nann Myat Phyo Thinn’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!