

 

 


 

 


 

 

ယူနီကုတ်ဖြင့်ဖတ်ရန်

” အသည်းကွဲရတဲ့မိန်းမတွေရဲ့ လျှို့ဝှက်ချက်ကို ဖွင့်ချပြလိုက်တဲ့ ခင်သဇင်ရဲ့ ဗီဒီယိုဖိုင် ”

CeleConnections ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသမီးလေးခင်သဇင်ကတော့ ဒီနေ့မှာ မိန်မသားတွေနဲ့ပတ်သက်ပြီး သူမရဲ့ အမြင်ကို မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။ “ပြောပြဦးမယ်သိလား လောကကြီးမှာလေ အရမ်းကိုမာနကြီးတဲ့ မိန်းမတွေရယ်ပလီပလာမပြောတတ်တဲ့ မိန်းမတွေရယ် ၊ အရမ်းကိုချောမောလှပတဲ့ မိန်းတွေရယ်က အသည်းကွဲတတ်တယ်သိလား ဘာဖြစ်လို့လဲဆိုတော့သူတို့တွေက ယောကျာ်းတွေကို အောက်မကျို့နိုင်လို့လေ ” ဆိုတဲ့ သူမအမြင်ကို TikTokလေးဆော့ကာပြောပြခဲ့တာပါ။

ခင်သဇင်ကတော့ ပရိသတ်တွေပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ ” ထာဝရနှောင်ကြိုး ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်အားဖြည့်ထားသူတစ်ယောက်ပါ။ ခင်သဇင်ကတော့ အနုပညာအလုပ်တွေသာမက ပညာရေးဘက်မှာလည်းထူးချွန်တဲ့ ပါရမီရှိသူတစ်ယောက်လို့ဆိုရမှာပါ။အားလပ်တဲ့အချိန်တွေမှာလည်း ပရဟိတအလုပ်တွေကိုလုပ်ကိုင်ပြီး တတ်မြောက်ထားတဲ့ ပညာတွေနဲ့ပြည်သူတွေကို အကျိုးပြုစေမယ့်အလုပ်တွေကိုလုပ်ဆောင်ရတာကြိုက်နှစ်သက်သူလေးလို့လဲသိရပါတယ်။

အခုနောက်ပိုင်း ကြော်ငြာတွေအပြင် အနုပညာပွဲတွေဆက်တိုက်တက်ရောက်ကာ အောင်မြင်မှုလမ်းကြောင်းပေါ်လျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ်။ခင်သဇင်ကတော့ သူမစိတ်ရှိတိုင်းပွင့်လင်းရိုးသားစွာ ပရိသတ်တွေကို သူမရဲ့အမြင်ကို ချပြလေ့ရှိသူဖြစ်တဲ့အပြင် အမြဲပရဟိတအလုပ်တွေကို လုပ်ဆောင်တတ်တဲ့ ခင်သဇင်ကတော့ အမြဲအနုပညာအလုပ်တွေကို ရရင်ရသလိုကြိုးစားလုပ်ကိုင်နေတဲ့ မင်းသမီးလေးတစ်ဦးဆိုလည်းမမှားပါဘူးနော်။လက်ရှိမှာ လည်း” အချစ်ဖွဲ့လေညင်း “ဇာတ်လမ်းတွဲ မှာ ဗိလိန်မမတစ်ယောက်အဖြစ်ပါဝင်ထားတာပဲ ဖြစ်ပါတယ်။CeleConnections ပရိသတ်ကြီးလည်း ခင်သဇင်ရဲ့ ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး အတွေးချင်းတူရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : KhinThazin’ TikTok
Candy – CeleConnections

 

error: Alert: Content is protected !!