အမ်ိဳးသမီးေတြ စြဲမက္ေလာက္စရာ ရုပ္ရည္ကို ပိုင္ဆိုင္ထားေပမယ့္ ဇရာကို မလြန္ဆန္နိုင္ေၾကာင္း ျပသလာတဲ့ ဇာဏ္ခီ

ဘိုဆန္တဲ့မ်က္နွာနဲ့ အမ်ိဳးသမီး ပရိသတ္ေတြရဲ့ အားေပးဝန္းရံမႈကို ရရိွပို္င္ဆိုင္ထားတဲ့ မင္းသားေခ်ာ ဇာဏ္ခီက “ဥပါယ္တံမ်ဥ္” ရုပ္ရွင္ဇာတ္ကားၾကီးနဲ့ ေအာင္ျမင္မႈရရိွပိုင္ဆိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ဇာဏ္ခီက ပရိသတ္ေတြအတြက္ ေကာင္းမြန္ျပီး အရည္အေသြးျပည့္ဝတဲ့ အနုပညာဖန္တီးမႈေတြကိုသာ ခ်ျပေလ့ရိွသူတစ္ေယာက္ျဖစ္ျပီး တစ္နွစ္မွာ ရုပ္ရွင္တစ္ကားေလာက္သာ ရွားရွားပါးပါးရိုက္ကူးသူ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒါရိုက္တာ ခရစၥတီးနားခီ ရိုက္ကူးျပီး ဇာဏ္ခီသရုပ္ေဆာင္တဲ့ ရုပ္ရွင္ဇာတ္ကားတိုင္းက နွစ္ေခါက္၊သံုးေခါက္ ျပန္ၾကည့္ရေလာက္ေအာင္ ပရိသတ္ေတြကို ဆြဲေဆာင္နိုင္တာကို ေတြ့ရပါတယ္။

ေခ်ာေမာတဲ့ ရုပ္ရည္ကို ပိုင္ဆိုင္ထားေပမယ့္ ပုထုဇဥ္လူသားတစ္ေယာက္ပီပီ ဇာဏ္ခီဟာ ဇရာကို မလြန္ဆန္နိုင္သူတစ္ေယာက္ပါပဲ။ ဇာဏ္ခီက ပရိသတ္ေတြအားက်ေလာက္တဲ့ ရုပ္ရည္ကို ပိုင္ဆိုင္ထားေပမယ့္ ေနာက္ကြယ္မွာေတာ့ ျဖဴေဖြးလာတဲ့ အေမႊးအမွ်င္ေတြကို ဖယ္ရွားပစ္ရေၾကာင္း ပြင့္ပြင့္လင္းလင္းခ်ျပထားပါတယ္။

 

 

အသက္သံုးဆယ္ေက်ာ္အရြယ္မွာ နာမည္ေက်ာ္ၾကားလာတဲ့ ဇာဏ္ခီကေတာ့ ပရိသတ္ေတြအတြက္ မရိုးနိုင္ေသာ အနုပညာဖန္တီးမႈေတြကို ခ်ျပဖို့ စီစဥ္ထားသူတစ္ေယာက္ပါပဲ။ ပရိသတ္ၾကီးကလည္း ဇာဏ္ခီရဲ့ ေနာက္ထပ္အနုပညာလႈပ္ရွားမႈေတြကို ေစာင့္ေမွ်ာ္အားေပးၾကပါဦးေနာ္။

 

 

Source: Zenn Kyi’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အမျိုးသမီးတွေ စွဲမက်လောက်စရာ ရုပ်ရည်ကို ပိုင်ဆိုင်ထားပေမယ့် ဇရာကို မလွန်ဆန်နိုင်ကြောင်း ပြသလာတဲ့ ဇာဏ်ခီ

ဘိုဆန်တဲ့မျက်နှာနဲ့ အမျိုးသမီး ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချော ဇာဏ်ခီက “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်မှုရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဇာဏ်ခီက ပရိသတ်တွေအတွက် ကောင်းမွန်ပြီး အရည်အသွေးပြည့်ဝတဲ့ အနုပညာဖန်တီးမှုတွေကိုသာ ချပြလေ့ရှိသူတစ်ယောက်ဖြစ်ပြီး တစ်နှစ်မှာ ရုပ်ရှင်တစ်ကားလောက်သာ ရှားရှားပါးပါးရိုက်ကူးသူ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးပြီး ဇာဏ်ခီသရုပ်ဆောင်တဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းက နှစ်ခေါက်၊သုံးခေါက် ပြန်ကြည့်ရလောက်အောင် ပရိသတ်တွေကို ဆွဲဆောင်နိုင်တာကို တွေ့ရပါတယ်။

ချောမောတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားပေမယ့် ပုထုဇဉ်လူသားတစ်ယောက်ပီပီ ဇာဏ်ခီဟာ ဇရာကို မလွန်ဆန်နိုင်သူတစ်ယောက်ပါပဲ။ ဇာဏ်ခီက ပရိသတ်တွေအားကျလောက်တဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားပေမယ့် နောက်ကွယ်မှာတော့ ဖြူဖွေးလာတဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားပစ်ရကြောင်း ပွင့်ပွင့်လင်းလင်းချပြထားပါတယ်။

အသက်သုံးဆယ်ကျော်အရွယ်မှာ နာမည်ကျော်ကြားလာတဲ့ ဇာဏ်ခီကတော့ ပရိသတ်တွေအတွက် မရိုးနိုင်သော အနုပညာဖန်တီးမှုတွေကို ချပြဖို့ စီစဉ်ထားသူတစ်ယောက်ပါပဲ။ ပရိသတ်ကြီးကလည်း ဇာဏ်ခီရဲ့ နောက်ထပ်အနုပညာလှုပ်ရှားမှုတွေကို စောင့်မျှော်အားပေးကြပါဦးနော်။

Source: Zenn Kyi’s fb
Bilie – Cele Connections

error: Alert: Content is protected !!