ယူနီကုတ်​ဖြင့်ဖတ်ရန်
“အဖွားဖြစ်သူ နိုင်ငံကျော်မင်းသမီးကြီးခင်လေးဆွေတစ်ယောက် အသက်သာကြီးလာပေမယ့် အပြုံးတွေက အရင်လိုလတ်ဆတ်နုပျိုနေကြောင်း သက်သေပြလိုက်တဲ့ စမိုင်းလ် ”
CeleConnections ပရိသတ်ကြီးရေ စမိုင်းလ်ကတော့ အနုပညာမျိုးရိုးရှိတဲ့ မင်းသမီးတစ်လက်ပါပဲနော်။ အိမ်ထောင်ကျပြီးတဲ့နောက်နိုင်ငံခြားမှာအခြချကာ အနုပညာအလုပ်တွေရပ်နားခဲ့ပေမယ့် အခုချိန်မှာတော့ မြန်မာပြည်မှာပဲနေထိုင်ကာ အနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။
အလှူအတန်းအမြဲရက်ရောတတ်တဲ့ စမိုင်းလ်ကတော့ ဘာသာရေးမှာလည်း အထူးအလေးထားကာ ပြုလုပ်တဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး အခုလို Covid ကာလမှာလည်း တနေ့တမျိုးမရိုးရအောင် လှူဒါန်းမှုတွေဆက်တိုက်ပြုလုပ်နေသူလေးပါ။ ချစ်စရာကောင်းတဲ့သမီးနှစ်ယောက်နဲ့ ခုချိန်ထိသည်းသည်းလှုပ်ချစ်ခင်ပေးတဲ့ အမျိုးသားခင်ပွန်းကိုလည်းပိုင်ဆိုင်ထားပါသေးတယ်။
ဒါ့အပြင် သူမရဲ့ချစ်လှစွာသော အဖွားလည်းဖြစ် နိုင်ငံကျော်ရုပ်ရုပ်ရှင်မင်းသမီးကြီး ခင်လေးဆွေနဲ့အတူနေထိုင်နေတာပါနော်။ဒီနေ့မှာတော့ သူမရဲ့အဖွားဖြစ်သူ ခင်လေးဆွေတစ်ယောက် ပိတောက်ပန်းတွေပန်ကာ လှနေတဲ့ပုံလေးကို သူမကိုယ်တိုင် ဓာတ်ပုံရိုက်ပေးခဲ့ပြီး (၁၉၆၀ )လောက်ကသူမရဲ့အဖွားဖြစ်သူ ခင်လေးဆွေနဲ့ပုံလေးတွေကိုယှဥ်ကာ ​ပြသလာတာပဲ ဖြစ်ပါတယ်။ အသက်တွေသာကြီးသွားပေမယ့် အပြုံးတွေကတော့ ချိုမြနေဆဲလတ်ဆတ်နေဆဲ​ဖြစ်တဲ့ မင်းသမီးကြီး ခင်လေးဆွေ နဲ့ ​ပျော်ပျော်နေတတ်တဲ့စမိုင်းလ်တို့မိသားစုလေးကိုချစ်ရင်မှတ်ချက်တစ်ခုခု​ေပးခဲ့ပါဦးနော်။
Source:Smile-စမိုင်းလ်
Candy -CeleConnections
error: Alert: Content is protected !!