ယူနီကုဒ်ဖြင့်ဖတ်ရန်
သူမရဲ့မိုးစက်လေးတွေနားဆင်ဖို့ သိပ်မကြာခင်မှာ သီချင်းအသစ်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးတော့မယ်ဆိုတဲ့ အေးမြဖြူ”
ငယ်စဉ်ကလေးဘဝကတည်းကနေ အခုMyanmar Idol Season(4)ရဲ့ Runner Up ရတဲ့ အထိကို ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို ရရှိလာတဲ့ တက်သစ်စ အဆိုတော်မလေး အေးမြဖြူနဲ့ အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ အေးမြဖြူဟာဆိုရင် ငယ်ငယ်ကတည်းက အနုပညာပိုးကို ဝါသနာပါတာကြောင့် သူမဖြစ်ချင်တဲ့ အောင်မြင်လာတဲ့ အဆိုတော်တစ်လက်ဖြစ်အောင် ကြိုးစားလျက်ရှိပါတယ်။ သူမကတော့ ဂီတပိုင်းမှာအောင်မြင်နေရုံသာမက သရုပ်ဆောင်မှုပိုင်းမှာလည်း အောင်မြင်ကျော်ကြားအောင် လေ့ကျင်နေတဲ့သူတစ်ဦးပါပဲနော်။
အေးမြဖြူရဲ့ ပရိသတ်တွေအတွက် ပြိုင်ပွဲပြီးကတည်းက ဖျော်ဖြေရေးပွဲတွေတလျှောက်ဆိုလာရင်းနဲ့ ရင်းနှီးမှုတွေပိုမိုရရှိလာလေ့ရှိပါတယ်။ သူမကတော့ ရောဂါကပ်ဆိုးကြီးကြောင့် အိမ်ထဲမှာနေရင်း ခေတ်စားနေတဲ့ tik tokတွေကို အပျင်းပြေဆော့ထားတဲ့ ဗီဒီယိုလေးတွေနဲ့ အမှတ်တရဖြစ်စေမယ့် ပုံရိပ်လေးတွေကို တင်ပေးလေ့ရှိပါတယ်။ သူမပရိသတ်တွေအတွက် အေးမြဖြူက” Stay home ကာလမှာ ပရိတ်သတ်တွေနားဆင်ဖို့ သီချင်းအသစ်လေး တစ်ပုဒ် တင်ဖို့ရှိတယ်နော် အစ်ကိုတွေနဲ့ အတူဆိုထားတာပါ” လို့ဆိုကာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။
CeleConnections ပရိသတ်တွေအတွက် အေးမြဖြူကတော့ သိပ်မကြာခင်မှာ သီချင်းအသစ်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးတော့မယ့်အကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နေ်ာ။ ပရိသတ်ကြီးတွေကလည်း အေးမြဖြူရဲ့ သီချင်းအသစ်လေးကို စောင့်မျှော်အားပေးကြမယ်လို့လည်း ထင်ပါတယ်။
Soure….Aye Mya Phyu’s Facebook
Angella(CeleConnections)
error: Alert: Content is protected !!