

 


 

ယူနီကုဒ်ဖြင့်ဖတ်ရန်

“သူမရဲ့ပရိသတ်တွေလုပ်ပေးထားတဲ့ ပုံတူရုပ်လေးတွေကို ပျော်ရွှင်မဆုံးဖြစ်နေတဲ့ နန်းဆုရတီစိုး”

တစ်နေ့တစ်ခြားဘာဘီရုပ်လေးလို ချောမောလှပလွန်းပြီး ပုရိသပရိသတ်တွေကို ဆွဲဆောင်မှုရှိတဲ့ နာမည်ကျော်အဆိုတော်မလေး နန်းဆုရတီစိုးနဲ့ အထူးတလည် မိတ်ဆက်ပေးဖို့ မလိုလောက်ဘူးထင်ပါတယ်။ နန်းဆုရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ ” ရူးခါနေအောင်ချစ်သူ” သီချင်းဟာဆိုရင် ပရိသတ်တွေရဲ့ အားပေးမှုအများဆုံးရရှိလာတဲ့ သီချင်းဆိုလည်း မမှားလောက်ပါဘူးနော်။ သူမကတော့ ဘက်စုံထူးချွန်တဲ့ အနုပညာရှင်တစ်လက်ပဲဖြစ်ပါတယ်။

နန်းဆုရတီစိုးကတော့ အိမ်မှာနေရင်း အပျင်းပြေဆော့ထားတဲ့ tik tokလေးတွေနဲ့ အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ နန်းဆုကို အားပေးနေတဲ့ ပရိသတ်တွေကတော့ သူမအတွက် ပုံတူပန်းချီလေးတွေနဲ့ ခဲပန်းချီလေးတွေကို လက်ဆောင်ပေးလေ့ရှိပါတယ်။ သူမကတော့ အဲ့ထဲကမှာ ကာတွန်းရုပ်ပုံလေးတွေကို သဘောကျလို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။

CeleConnections ပရိသတ်တွေအတွက် နန်းဆုရတီစိုးရဲ့ ကာတွန်းပုံရိပ်လေးတွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း နန်းဆုရတီစိုးကို အားပေးချစ်ခင်တယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါအုံးနော်။
Soure…. Nan Su Yati Soe’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!