” လူမႈကြန္ရက္မွာေခတ္စားေနတဲ့ care reactရေအာင္ ​ေကာမန္႔ေတြ လိုက္မန႔္ေနတဲ့သူေတြကို ဒဲ့ေျပာလိုက္တဲ့ သႏၲာဗိုလ္”

CeleConnectionsပရိသတ္ႀကီးေရ ​ သ႐ုပ္ေဆာင္ဘက္ထက္ ေမာ္ဒယ္လ္ဘက္ကို ပိုမိုအားစိုက္ကာလုပ္ေဆာင္လ်က္ရွိတဲ့ သႏၲာဗိုလ္ကေတာ့ တကယ့္ကိုအင္တာေနရွင္နယ္ေမာ္ဒယ္လ္ေတြလို အရပ္အေမာင္းအခ်ိဳးအစားကိုပိုင္ဆိုင္ထားကာ အၿမဲအထာက်က် ဖက္ရွင္ေတြကိုဝတ္စားတတ္သူလည္းျဖစ္ပါတယ္။ႏိုင္ငံေက်ာ္ဝါရင့္မင္းသမီးတစ္လက္ျဖစ္တဲ့ ေခ်ာရတနာရဲ႕ ညီမအငယ္ဆုံးေလးပဲ ျဖစ္ၿပီး အမရဲ႕အႏုပညာအေမြကို ဆက္ခံထားတဲ့သႏၲာဗိုလ္ကေတာ့ သ႐ုပ္ေဆာင္ထက္ ေမာ္ဒယ္လ္ဘက္ကို ပိုမို အားသန္​သူေလးလို႔​ဆိုရမွာပါ။

 

 

ဒါ့အျပင္ သူငယ္ခ်င္းေတြနဲ႔ အၿမဲေပါ့ပါးေပ်ာ္႐ႊင္စြာေနတတ္တဲ့သႏၲာဗိုလ္ကေတာ့ TikTokေလးေတြလည္း အၿမဲေဆာ့ကာ ပရိသတ္ေတြကိုလည္း ျပန္လည္မွ်ေဝရွိပါတယ္ေနာ္။သူမရဲ႕ စိတ္ခံသားခ်က္ေတြကို လူမႈကြန္ရက္စာမ်က္ႏွာမွာေဖာ္ျပေလ့ရွိသူေလးလည္း ျဖစ္ပါတယ္။ စိတ္မေကာင္းစရာကေတာ့ မၾကာေသးမီကမွ မိခင္ႀကီး႐ုတ္တရက္ ကြယ္လြန္ခဲ့တာပါ။

 

 

ဒီေန႔မွာေတာ့ သႏၲာဗိုလ္တစ္ေယာက္ လူမႈကြန္ရက္မွာေခတ္စားေနတဲ့ care reactနဲ႔ပတ္သက္ၿပီး ” care react ရမွာေပါ့ ဘယ္လိုျဖစ္လို႔ ပုံေတြ ေအာက္မွာ ဘယ္သူေျပာလိုက္လို႔လဲ 𝐜𝐚𝐫𝐞 𝐫𝐞𝐚𝐜𝐭 ရေအာင္တဲ့ cmt ေတြ လိုက္မန႔္ေနတာ ဘယ္လိုျဖစ္လို႔လဲ ေျဖးေျဖးေပါ့ ေျဖးေျဖးေပါ့….
ကိုယ္ဆိုဘာမွ လုပ္စရာမလိုပဲ သူ႔ပါသူေပၚလာတာ ေျဖးေျဖးေပါ့​” ဆိုတဲ့စာေလးနဲ႔reactေပၚလာေအာင္ဆိုၿပီး မွတ္ခ်က္ေတြလိုက္ေပးေနတဲ့သူေတြကို ​ သူမအျမင္အတိုင္းေျပာျပခဲ့တာပါ။CeleConnectionsပရိသတ္ႀကီးလည္း ခ်စ္စရာေကာင္းတဲ့ သႏၲာဗိုလ္ရဲ႕ ေျပာဆိုဟန္ေလးကိုသေဘာက်ရင္မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

 

Source: Thandar Bo
Candy-CeleConnections
ယူနီကုတ္ျဖင့္ဖတ္ရန္

” လူမှုကွန်ရက်မှာခေတ်စားနေတဲ့ care reactရအောင် ​ကောမန့်တွေ လိုက်မန့်နေတဲ့သူတွေကို ဒဲ့ပြောလိုက်တဲ့ သန္တာဗိုလ်”

CeleConnectionsပရိသတ်ကြီးရေ ​ သရုပ်ဆောင်ဘက်ထက် မော်ဒယ်လ်ဘက်ကို ပိုမိုအားစိုက်ကာလုပ်ဆောင်လျက်ရှိတဲ့ သန္တာဗိုလ်ကတော့ တကယ့်ကိုအင်တာနေရှင်နယ်မော်ဒယ်လ်တွေလို အရပ်အမောင်းအချိုးအစားကိုပိုင်ဆိုင်ထားကာ အမြဲအထာကျကျ ဖက်ရှင်တွေကိုဝတ်စားတတ်သူလည်းဖြစ်ပါတယ်။နိုင်ငံကျော်ဝါရင့်မင်းသမီးတစ်လက်ဖြစ်တဲ့ ချောရတနာရဲ့ ညီမအငယ်ဆုံးလေးပဲ ဖြစ်ပြီး အမရဲ့အနုပညာအမွေကို ဆက်ခံထားတဲ့သန္တာဗိုလ်ကတော့ သရုပ်ဆောင်ထက် မော်ဒယ်လ်ဘက်ကို ပိုမို အားသန်​သူလေးလို့​ဆိုရမှာပါ။

ဒါ့အပြင် သူငယ်ချင်းတွေနဲ့ အမြဲပေါ့ပါးပျော်ရွှင်စွာနေတတ်တဲ့သန္တာဗိုလ်ကတော့ TikTokလေးတွေလည်း အမြဲဆော့ကာ ပရိသတ်တွေကိုလည်း ပြန်လည်မျှဝေရှိပါတယ်နော်။သူမရဲ့ စိတ်ခံသားချက်တွေကို လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြလေ့ရှိသူလေးလည်း ဖြစ်ပါတယ်။ စိတ်မကောင်းစရာကတော့ မကြာသေးမီကမှ မိခင်ကြီးရုတ်တရက် ကွယ်လွန်ခဲ့တာပါ။

ဒီနေ့မှာတော့ သန္တာဗိုလ်တစ်ယောက် လူမှုကွန်ရက်မှာခေတ်စားနေတဲ့ care reactနဲ့ပတ်သက်ပြီး ” care react ရမှာပေါ့ ဘယ်လိုဖြစ်လို့ ပုံတွေ အောက်မှာ ဘယ်သူပြောလိုက်လို့လဲ 𝐜𝐚𝐫𝐞 𝐫𝐞𝐚𝐜𝐭 ရအောင်တဲ့ cmt တွေ လိုက်မန့်နေတာ ဘယ်လိုဖြစ်လို့လဲ ဖြေးဖြေးပေါ့ ဖြေးဖြေးပေါ့….ကိုယ်ဆိုဘာမှ လုပ်စရာမလိုပဲ သူ့ပါသူပေါ်လာတာ ဖြေးဖြေးပေါ့​” ဆိုတဲ့စာလေးနဲ့reactပေါ်လာအောင်ဆိုပြီး မှတ်ချက်တွေလိုက်ပေးနေတဲ့သူတွေကို ​ သူမအမြင်အတိုင်းပြောပြခဲ့တာပါ။CeleConnectionsပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ သန္တာဗိုလ်ရဲ့ ပြောဆိုဟန်လေးကိုသဘောကျရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source: Thandar Bo
Candy-CeleConnections

error: Alert: Content is protected !!