

 

 


 

 


 

 

Source: Sue Sha Naing
ယူနီကုတ်ဖြင့်ဖတ်ရန်

“မိုးအေးအေးမှာ Stay Home ကာ သူမရဲ့ အချစ်တော်ခွေးလေးတွေနဲ့ အချိန်ကုန်ဆုံးနေကြောင်း ပြောပြလာတဲ့ ပက်ထရစ်ရှာရဲ့ ဗီဒီယိုဖိုင် ”

CeleConnectionsပရိသတ်ကြီးရေ ပက်ထရစ်ရှာကတော့ အသက်ငယ်ငယ်လေးတည်းကအနုပညာလောကနဲ့မစိမ်းတဲ့သူတစ်ယောက်ဖြစ်ပြီး မော်ဒယ်လောကကနေ သရုပ်ဆောင်ဘက်ကိုပါ ကူးပြောင်းလာတဲ့သူလို့ဆိုရမှာပါ။အနုပညာမှာ အောင်မြင်ရုံသာမက လူကြီးမိဘဆရာသမားတွေကို ရိုသေတတ်တာကြောင့် ပရိသတ်တွေကအချစ်ပိုနေရသူလေးပါ။

ပက်ထရစ်ရှာလို့ပြောလိုက်တာနဲ့ နိုင်ငံခြားသူတစ်ယောက်လိုမျက်နှာသွင်ပြင်လေးနဲ့ ဘော်ဒီသွင်ပြင်ကလည်း ပြောစရာမလိုအောင် လှပကျော့ရှင်းတဲ့မင်းသမီးတစ်လက်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ပရိသတ်တွေကတော့ ချစ်စနိုးနဲ့ ရှာရှာ လို့ အဖျားစွတ်ခေါ်လေ့ရှိကြတာပါပဲနော်။

လတ်တလောမှာလည်း Covid 19ကြောင့်အိမ်မှာပဲနေကာ သူမကိုချစ်တဲ့ပရိသတ်တွေအတွက် TikTok လေးတွေလည်းဆော့ကစား ပြန်လာဝေမျှပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။ဒီနေ့မှာလည်းမိုးအေးအေးနဲ့ အိမ်ထဲမှာ သူမရဲ့အချစ်တော်ခွေးလေးတွေနဲ့ အချိန်ကုန်ဆုံးနေကြောင်းကို “ဒီညတော့ ချမ်းလို့ဗျာ သားသားတို့မေမေရဲ့ပေါင်ကြားထဲတိုးအိပ်ပြီ”ဆိုတဲ့စာလေးနဲ့ ဗီဒီယိုဖိုင်လေးကိုတင်ခဲ့တာပါ။CeleConnectionsပရိသတ်ကြီးလည်း ရှာရှာရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ပြီးသဘောကျရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source: Sue Sha Naing
Candy -CeleConnections

error: Alert: Content is protected !!