

 


ယူနီကုဒ်ဖြင့်ဖတ်ရန်

“မိုးရွာပြီး အေးချမ်းတဲ့ ရာသီလေးကို ချစ်တယ်ဆိုတဲ့ ပိုင်တံခွန်”

 

နှုတ်ခမ်းနီမလေးတွေရဲ့အားပေးဝန်းရံမှုရရှိထားတဲ့ မော်ဒယ်မင်သားချောလေး ပိုင်တံခွန်နဲ့ Cele Connections ပရိသတ်တွေနဲ့ အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ပိုင်တံခွန်ဟာဆိုရင် ယောကျာ်းပီသတဲ့ body နဲ့ အမိုက်စားtattooလေးတွေကြောင့် ပြည်တွင်းကမိန်းကလေးပရိသတ်တွေသာမက ပြည်ပကမိန်းကလေးပရိသတ်တွေပါ အားပေးဝန်းရံမှုကို ရရှိထားတဲ့ မင်းသားတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူကိုအားပေးနေတဲ့ ပရိသတ်တွေအတွက်လည်း အနုပညာအလုပ်တွေကို ပိုမိုအောင်မြင်အောင်ကြိုးစားနေလျက်ရှိပါတယ်။

ရောဂါကပ်ဆိုးတွေကြောင့် အနုပညာအလုပ်တွေကို ခေတ္တရပ်နားကာ အိမ်မှာနေရင်း သူ့ရဲ့ ဝါသနာပါရာပန်းချီဆွဲထားတဲ့ ပုံရိပ်လေးတွေနဲ့ မိန်းကလေးတွေကို ဆွဲဆောင်မှုရှိတဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးလေ့ရှိပါတယ်။ ပိုင်တံခွန်ကတော့ “ကျနော်ကတော့ မိုးကို ချစ်တယ်” လို့ဆိုကာ မိုးရွာထဲမှာရိုက်ထားတဲ့ ပုံရိပ်လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ သူရဲ့ အကြိုက်ဆုံးရာသီဥတုထဲကမှာ မိုးရာသီကို အကြိုက်ဆုံးနဲ့အနှစ်သက်ဆုံးဖြစ်မယ်ထင်ပါတယ်။

CeleConnections ပရိသတ်တွေအတွက် ပိုင်တံခွန်ရဲ့ မိုးရွာတာနဲ့ပတ်သက်တဲ့ခံစားချက်လေးတွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်တွေထဲမှာကော ပိုင်တံခွန်နဲ့ အကြိုက်တူကြမယ်လို့လည်း ထင်ပါတယ်။
Soure… Paing Takhon’s Facebook
Angella(CeleConnections)

 

error: Alert: Content is protected !!