“မိသားစုအတြက္ ဟင္းေတြကို ကုိယ္တိုင္ခ်က္ျပဳေနတဲ့ ေအာင္ရဲလင္းရဲ႕ ဗီဒီယုိဖိုင္”

ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းေက်ာ္ မင္းသားေခ်ာ ေအာင္ရဲလင္းကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းနွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္.။. ကာရိုက္တာတိုင္းကို ပီျပင္ေအာင္ သရုပ္ေဆာင္နိုင္ၿပီး ေခ်ာေမာခန္႕ညားတဲ့ ရုပ္ရည္ေၾကာင့္ ပရိသတ္ေတြရဲ႕ နွစ္ၿခိဳက္အားေပးမႈေတြကို ရရွိပိုင္ဆိုင္ထားသူပဲျဖစ္ပါတယ္.။ လက္ရွိမွာ ရုပ္ရွင္ကားရိုက္နည္းသြားေပမယ့္ ပရိသတ္ေတြအတြက္ အေကာင္းဆံုး အနုပညာအရည္အခ်င္းေတြကို ခ်ျပနိုင္တဲ့ ကားမ်ိဳးကို ရုိက္ခ်င္တာေၾကာင့္ ကားရိုက္က်ဲသြားတဲ့ အေၾကာင္းေလးကို မီဒီယာတစ္ခုရဲ႕ အင္တာဗ်ဴးမွာ ေျပာျပခဲ့ဖူးပါတယ္။

 

 

 

 

ခန္႕ညားၿပီး ေခ်ာေမာတဲ့ ရုပ္ရည္ေၾကာင့္ ဘယ္လို အဝတ္အစားကိုပဲ ဝတ္ဝတ္ ၾကည့္ေကာင္းလြန္းတဲ့ ေအာင္ရဲလင္းဟာ ကားရိုက္နည္းသြားေပမယ့္ ဖက္ရွင္ရႈိးနဲ႕ ေၾကာ္ျငာေတြကိုေတာ့ လက္ခံရိုက္ကူးေနဆဲပဲျဖစ္ပါတယ္ေနာ္.။ လူမႈကြန္ရက္စာမ်က္နွာကို သိပ္မသံုးျဖစ္တဲ့ ေအာင္ရဲလင္းဟာ ပရိသတ္ေတြနဲ႕ အေနေဝသလို ျဖစ္ေနတာေၾကာင့္ လက္ရွိမွာ သူ႕ရဲ႕ လႈပ္ရွားမႈ ပံုရိပ္ေလးေတြကို လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္ေပးေလ့ရွိပါတယ္.။ ဒီေန႕ ေမလ (၁)ရက္ေန႕မွာေတာ့ ေအာင္ရဲလင္းက မိသားစုေတြအတြက္ ခ်က္ျပဳတ္ေပးေနတဲ့ သူ႕ရဲ႕ ဗီဒီယိုဖိုင္ေလးကို “ဆိတ္သား And ဒိန္ခ်ဥ္.. For My Family” ဆုိၿပီး သူ႕ရဲ႕ မိုင္ေဒးမွာ တင္လာခဲ့ပါတယ္.။

 

 

ေအာင္ရဲလင္းကေတာ့ ကိုယ္တိုင္လက္စြမ္းျပကာ မိသားစုေတြအတြက္ ခ်က္ျပဳတ္ေပးေနတဲ့ ဗီဒီယုိေလးပဲျဖစ္ပါတယ္.။ ေဘးတစ္ေစာင္းပံုရိပ္ေလးနဲ႕ ခ်က္ျပဳတ္ေနတဲ့ ေအာင္ရဲလင္းကေတာ့ ၾကည့္ေကာင္းလြန္းပါတယ္ေနာ္ ပရိသတ္ႀကီး.။ Cele Connections ပရိသတ္ႀကီးအတြက္လည္း ေအာင္ရဲလင္းရဲ႕မိသားစုအတြက္ ကို္ယ္တိုင္ ခ်က္ျပဳတ္ေနတဲ့ ဗီဒီယုိဖို္င္ေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္.။
Source: Aung Ye Lin’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“မိသားစုအတွက် ဟင်းတွေကို ကိုယ်တိုင်ချက်ပြုနေတဲ့ အောင်ရဲလင်းရဲ့ ဗီဒီယိုဖိုင်”

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မင်းသားချော အောင်ရဲလင်းကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။. ကာရိုက်တာတိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်ပြီး ချောမောခန့်ညားတဲ့ ရုပ်ရည်ကြောင့် ပရိသတ်တွေရဲ့ နှစ်ခြိုက်အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်.။ လက်ရှိမှာ ရုပ်ရှင်ကားရိုက်နည်းသွားပေမယ့် ပရိသတ်တွေအတွက် အကောင်းဆုံး အနုပညာအရည်အချင်းတွေကို ချပြနိုင်တဲ့ ကားမျိုးကို ရိုက်ချင်တာကြောင့် ကားရိုက်ကျဲသွားတဲ့ အကြောင်းလေးကို မီဒီယာတစ်ခုရဲ့ အင်တာဗျူးမှာ ပြောပြခဲ့ဖူးပါတယ်။

ခန့်ညားပြီး ချောမောတဲ့ ရုပ်ရည်ကြောင့် ဘယ်လို အဝတ်အစားကိုပဲ ဝတ်ဝတ် ကြည့်ကောင်းလွန်းတဲ့ အောင်ရဲလင်းဟာ ကားရိုက်နည်းသွားပေမယ့် ဖက်ရှင်ရှိုးနဲ့ ကြော်ငြာတွေကိုတော့ လက်ခံရိုက်ကူးနေဆဲပဲဖြစ်ပါတယ်နော်.။ လူမှုကွန်ရက်စာမျက်နှာကို သိပ်မသုံးဖြစ်တဲ့ အောင်ရဲလင်းဟာ ပရိသတ်တွေနဲ့ အနေဝေသလို ဖြစ်နေတာကြောင့် လက်ရှိမှာ သူ့ရဲ့ လှုပ်ရှားမှု ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်.။ ဒီနေ့ မေလ (၁)ရက်နေ့မှာတော့ အောင်ရဲလင်းက မိသားစုတွေအတွက် ချက်ပြုတ်ပေးနေတဲ့ သူ့ရဲ့ ဗီဒီယိုဖိုင်လေးကို “ဆိတ်သား And ဒိန်ချဉ်.. For My Family” ဆိုပြီး သူ့ရဲ့ မိုင်ဒေးမှာ တင်လာခဲ့ပါတယ်.။

အောင်ရဲလင်းကတော့ ကိုယ်တိုင်လက်စွမ်းပြကာ မိသားစုတွေအတွက် ချက်ပြုတ်ပေးနေတဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်.။ ဘေးတစ်စောင်းပုံရိပ်လေးနဲ့ ချက်ပြုတ်နေတဲ့ အောင်ရဲလင်းကတော့ ကြည့်ကောင်းလွန်းပါတယ်နော် ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးအတွက်လည်း အောင်ရဲလင်းရဲ့မိသားစုအတွက် ကိုယ်တိုင် ချက်ပြုတ်နေတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.။
Source: Aung Ye Lin’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!