

 

 


 

 


 

 

Source: Ei Chaw Po’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

မိန်းကလေးတိုင်း အားကျငေးမောနေရလောက်မယ့် လုံးဝန်းကျစ်လျစ်တဲ့ ခန္ဓာကိုယ်အလှလေးကို ထုတ်ပြလိုက်တဲ့ အိချောပို

မင်းသမီးချောလေး အိချောပိုကတော့ အနုပညာပျိုးခင်းမှတဆင့် အနုပညာလောကထဲကို ဝင်ရောက်လာသူ ဖြစ်ပါတယ်။ မြန်မာဆန်ဆန် ရိုးရှင်းတဲ့ မျက်နှာပေါက်နဲ့ ဂစ်တာရှိတ်လေးလို လုံးဝန်းကျစ်လျစ်တဲ့ သူမရဲ့ ခန္ဓာကိုယ်ကြောင့် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို အပြည့်ရရှိထားပြီး ရုပ်ရှင်ဇာတ်ကားတွေကိုလည်း လက်မလည်အောင် ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အိချောပို ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေဆို ရုံပြည့်ရုံလျှံတဲ့အထိ အားပေးကြတာကို တွေ့ရပါတယ်။

မိန်းကလေးတစ်ယောက်မှာ ရှိသင့်တဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ အိချောပိုက အမျိုးသားပရိသတ်တွေရဲ့ ကြိုက်နှစ်သက်အားပေးမှုကို ရရှိသလို အမျိုးသမီးပရိသတ်တွေရဲ့ အားကျခြင်းကိုလည်း ခံရသူတစ်ယောက် ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အိချောပိုက သူမရဲ့ ခန္ဓာကိုယ်အလှလေးကို ပြသပြီး ပရိသတ်တွေကို အားကျစေခဲ့တာကိုလည်း တွေ့ရပြန်ပါတယ်။

အိချောပိုကတော့ မင်းသမီးတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကြင်အင်လက္ခဏာနဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားသူလေးပါပဲ။ ပရိသတ်ကြီးကလည်း မိန်းမလှလေး အိချောပိုကို ဒီထက်ပိုပြီး အားပေးဝန်းရံကြပါဦးနော်။

Source: Ei Chaw Po’s fb
Bilie – Cele Connections

error: Alert: Content is protected !!