မိခင္ျဖစ္သူရဲ့ စားေသာက္ဆိုင္အတြက္ စားသံုးသူေတြကို ကိုယ္တိုင္ Delivery လုပ္ျပီး လိုက္ပို့ေပးမယ့္ ေအာင္ရဲထိုက္

မ်က္ခုံးထူထူနက္နက္ေတြနဲ႔ ေယာက်ာ္းဆန္တဲ့ မ်က္ႏွာကို ပိုင္ဆိုင္ထားတဲ့ မင္းသားေခ်ာ ေအာင္ရဲထိုက္ကို အားလုံး သိၾကမယ္ ထင္ပါတယ္။ ေအာင္ရဲထိုက္က ပရိသတ္ေတြ ရင္ထဲ စြဲက်န္ရစ္ေစတဲ့ “မီ”၊ “ည”၊ “ေပ်ာက္ဆုံးေနေသာအမွန္တရား” စတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြနဲ႔ ေအာင္ျမင္မွု ရရွိေနတာ ျဖစ္ပါတယ္။ ေအာင္ရဲထိုက္က အားလပ္ခ်ိန္တိုင္းမွာလည္း သူ့မိခင္ရဲ့ စီးပြားေရးလုပ္ငန္းေတြအတြက္ ကူညီလုပ္ေဆာင္ေပးေနတာပဲ ျဖစ္ပါတယ္။

 

 

ဒီေန့မွာေတာ့ ေအာင္ရဲထုိက္က သူ့အေမရဲ့ စားေသာက္ဆိုင္လုပ္ငန္းေတြအတြက္ “Covid ေၾကာင့္ ေမႀကီးတို႔ဆိုင္မဖြင့္ရတာ တစ္လေက်ာ္ၿပီဆိုေတာ့ အေမတို႔ဆိုင္ေလး ကို စားသုံးသူေတြနဲ႔ အဆက္အသြယ္ မပ်က္သြားေစခ်င္တာေၾကာင့္ အိမ္ကေနလုပ္ပါ။ ကြၽန္ေတာ္လဲ ႐ိုက္ကူးေရးေတြနား ေနေတာ့ Delivery ကို သား လုပ္ေပးပါမယ္လို႔ ေျပာၿပီး အခုေတာ့ ေရာင္းဖို႔ Ready ျဖစ္ေနပါၿပီ ။” ဆိုျပီး သူကုိယ္တိုင္ Delivery လိုက္ပို့မယ့္အေၾကာင္းကို ေျပာထားပါတယ္။

 

 

ေအာင္ရဲထိုက္ကေတာ့ ေရေက်ာ္ပြဲေစ်းလို ပြဲေတြမွာလည္း သူ့မိခင္နဲ့အတူတူ ေစ်းေရာင္းျပီး စားပြဲထိုးေပးသူတစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ေတြၾကား နာမည္ၾကီးသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း ေအာင္ရဲထိုက္တို့ မိသားစုလုပ္ငန္းေလးကို အားေပးၾကပါဦးေနာ္။

 

 

Source: Aung Ye Htike’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မိခင်ဖြစ်သူရဲ့ စားသောက်ဆိုင်အတွက် စားသုံးသူတွေကို ကိုယ်တိုင် Delivery လုပ်ပြီး လိုက်ပို့ပေးမယ့် အောင်ရဲထိုက်

မျက်ခုံးထူထူနက်နက်တွေနဲ့ ယောကျာ်းဆန်တဲ့ မျက်နှာကို ပိုင်ဆိုင်ထားတဲ့ မင်းသားချော အောင်ရဲထိုက်ကို အားလုံး သိကြမယ် ထင်ပါတယ်။ အောင်ရဲထိုက်က ပရိသတ်တွေ ရင်ထဲ စွဲကျန်ရစ်စေတဲ့ “မီ”၊ “ည”၊ “ပျောက်ဆုံးနေသောအမှန်တရား” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အောင်မြင်မှု ရရှိနေတာ ဖြစ်ပါတယ်။ အောင်ရဲထိုက်က အားလပ်ချိန်တိုင်းမှာလည်း သူ့မိခင်ရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ကူညီလုပ်ဆောင်ပေးနေတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ အောင်ရဲထိုက်က သူ့အမေရဲ့ စားသောက်ဆိုင်လုပ်ငန်းတွေအတွက် “Covid ကြောင့် မေကြီးတို့ဆိုင်မဖွင့်ရတာ တစ်လကျော်ပြီဆိုတော့ အမေတို့ဆိုင်လေး ကို စားသုံးသူတွေနဲ့ အဆက်အသွယ် မပျက်သွားစေချင်တာကြောင့် အိမ်ကနေလုပ်ပါ။ ကျွန်တော်လဲ ရိုက်ကူးရေးတွေနား နေတော့ Delivery ကို သား လုပ်ပေးပါမယ်လို့ ပြောပြီး အခုတော့ ရောင်းဖို့ Ready ဖြစ်နေပါပြီ ။” ဆိုပြီး သူကိုယ်တိုင် Delivery လိုက်ပို့မယ့်အကြောင်းကို ပြောထားပါတယ်။

အောင်ရဲထိုက်ကတော့ ရေကျော်ပွဲဈေးလို ပွဲတွေမှာလည်း သူ့မိခင်နဲ့အတူတူ ဈေးရောင်းပြီး စားပွဲထိုးပေးသူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကြား နာမည်ကြီးသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း အောင်ရဲထိုက်တို့ မိသားစုလုပ်ငန်းလေးကို အားပေးကြပါဦးနော်။

Source: Aung Ye Htike’s fb
Bilie – Cele Connections

error: Alert: Content is protected !!