

 



ယူနီကုဒ်ဖြင့်ဖတ်ရန်

“ပူပင်မှုကင်းမယ့်စွာနဲ့ အေးချမ်းမှုကို ရရှိစေမယ့် မျက်နှာထားလေးကို ပိုင်ဆိုင်ချင်တယ်ဆိုတဲ့ ခင်ဝင့်ဝါ”

ကော်ပတ်ရုပ်လေးလို ချစ်ဖို့ကောင်းတဲ့ အမူအရာလေးကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်သရုပ်ဆောင်မင်းသမီးချောလေး ခင်ဝင့်ဝါနဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ခင်ဝင့်ဝါကတော့ ဇာတ်ကားတိုင်းလိုလို သရုပ်ဆောင်ရာမှာ ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမရဲ့ အနုပညာလုပ်ငန်းတွေကို ဒီထက်မက အောင်မြင်အောင်လည်း ကြိုးစားလျက်ရှိပါတယ်။

Stay Homeနေရင်း သူမရဲ့ ချောမောလှပနေတဲ့ အမှတ်တရပုံရိပ်လေးတွေကို အလွမ်းအဆွေးကပ်ပရှင်းများရေးကာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ခင်ဝင့်ဝါက”အေးချမ်းမှု” လို့ဆိုကာ သူမရဲ့ ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ သူမကတော့ ပုံလေးတွေနဲ့ လိုက်အောင် အမိုက်စားကပ်ပရှင်းလေးတွေကို ရေးလေ့ရှိတဲ့သူတစ်ဦးပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် ခင်ဝင့်ဝါရဲ့ချစ်စဖွယ်ပုံရိပ်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း ခင်ဝင့်ဝါရဲ့ ပုံရိပ်လေးတွေကို ကြည့်ကာ အလွမ်းပြေလောက်မယ်လို့ ထင်ပါတယ်။

Soure….Khin Wint Wah’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!