ပရဟိတလုပ္ေဆာင္တဲ့သူေတြမွာ ေစတနာတင္သာမကဘဲ လိုက္နာေစာင့္ထိန္းရမဲ့ က်င့္ဝတ္ေလးေတြရိွေၾကာင္း ေျပာျပလာတဲ့ ခိုင္နွင္းေဝ

မင္းသမီးေခ်ာေလး ခိုင္နွင္းေဝကေတာ့ အနုပညာလုပ္ငန္းေတြနဲ့အတူတူ အမ်ားအက်ိဳးအတြက္ ပရဟိတလုပ္ငန္းေတြကို လုပ္ေဆာင္လာတာ နွစ္ေပါင္းအေတာ္ၾကာေနျပီပဲ ျဖစ္ပါတယ္။ ခိုင္နွင္းေဝပရဟိတအသင္းနဲ့ ခိုင္နွင္းေဝ ရင္ေသြးေလးမ်ားေဂဟာကို တည္ေထာင္ဦးစီးေနတဲ့ ခိုင္နွင္းေဝက ဒီေန့မွာေတာ့ ပရဟိတသမားတစ္ေယာက္ေနနဲ့ ေစတနာသာမကပဲ အျခားလိုက္နာေစာင့္ထိန္းရမယ့္ က်င့္ဝတ္ေလးေတြအေၾကာင္းကို သူမမွတ္သားဖူးသေလာက္ ေျပာျပထားပါတယ္။

 

 

“ကိုယ္ပိုင္လွူဒါန္းတာျဖစ္ျဖစ္ တျခားသူေတြရဲ့ အလွူေတြကို လွူဒါန္းတဲ့ေနရာမွာျဖစ္ျဖစ္ အေရးႀကီးတာ ကိုယ္လွူဒါန္းတဲ့အလွူပစၥည္းေတြက အမွန္တကယ္ လိုအပ္တဲ့လူေတြဆီကို မွန္မွန္ကန္ကန္ေရာက္ရွိဖို့ဆိုတဲ့အခ်က္ျဖစ္ပါတယ္။ ဒါေၾကာင့္ က်မပရဟိတလုပ္ေဆာင္တဲ့အခါတိုင္းမွာ ဘာသာမေရြး လူမ်ဳိးမေရြး အျဖဴအမဲမေရြး ပါတီစြဲ မရွိလိုအပ္တဲ့သူေတြကို ကူညီနိုင္ဖို့ အတတ္နိုင္ဆုံး ႀကိဳးစားပါတယ္။ ဒီလိုေရာက္ရွိနိုင္ဖို့အတြက္ နည္းလမ္းရွာရပါတယ္။ ႀကိဳးပမ္းအားထုတ္ရပါတယ္။ ကူညီနိုင္မဲ့သူေတြနဲ႔ ခ်ိတ္ဆက္ေဆာင္ရြက္ရပါတယ္။”

 

 

“ဒီလိုလုပ္ေဆာင္တဲ့အခါမွာ အစြဲကင္းရပါတယ္။ လိုအပ္တဲ့သူဘယ္သူျဖစ္ျဖစ္ သူ႔တို့ဆီကို လိုအပ္တဲ့အကူအညီေတြ တကယ္ေရာက္ဖို့လုပ္ေဆာင္တာဟာ ပရဟိတစိတ္ထားပါ။ ဒီလိုျဖစ္နိုင္ဖို့အတြက္ ဝိုင္းဝန္းကူညီနိုင္မဲ့သူေတြကိုလဲ အစြဲကင္းကင္းနဲ႔ ပူးေပါင္းလုပ္ေဆာင္ရတတ္ပါတယ္။ အဓိက ရည္ရြယ္ခ်က္က အကူအညီလိုအပ္တဲ့သူေတြဆီကို အကူအညီေတြေရာက္ဖို့ ျဖစ္ပါတယ္။ အကူအညီလိုတဲ့သူေတြကို မခြဲျခားဘဲ လူသားလို့ျမင္ၿပီး လူသားအားလုံးက အစြဲကင္းကင္းနဲ႔ ဝိုင္းဝန္းကူညီျခင္းဟာ လူသားဆန္ေသာ ပရဟိတစိတ္ထားစစ္စစ္ျဖစ္တယ္လို့ က်မခံယူပါတယ္ရွင္” ဆိုျပီး ေျပာျပထားပါတယ္။

 

 

ခိုင္နွင္းေဝကေတာ့ သူမ ျပဳလုပ္သမွ် အလွဴမွန္သမွ်ကို အစြဲကင္းကင္းနဲ့ ကိုယ္က်ိဳးမပါပဲ လုပ္ေဆာင္တတ္တာ အားလံုးလည္း အသိပဲ ျဖစ္ပါတယ္။ ခုိင္နွင္းေဝတစ္ေယာက္ ပရဟိတလုပ္ငန္းေတြ ဒီထက္မက စြမ္းစြမ္းတမံလုပ္ေဆာင္နိုင္ပါေစလို့ Cele Connections မွ ဆုေတာင္းေပးလုိက္ပါတယ္။

 

 

Source: Khine Hnin Wai’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ပရဟိတလုပ်ဆောင်တဲ့သူတွေမှာ စေတနာတင်သာမကဘဲ လိုက်နာစောင့်ထိန်းရမဲ့ ကျင့်ဝတ်လေးတွေရှိကြောင်း ပြောပြလာတဲ့ ခိုင်နှင်းဝေ

မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ အနုပညာလုပ်ငန်းတွေနဲ့အတူတူ အများအကျိုးအတွက် ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်လာတာ နှစ်ပေါင်းအတော်ကြာနေပြီပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေပရဟိတအသင်းနဲ့ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာကို တည်ထောင်ဦးစီးနေတဲ့ ခိုင်နှင်းဝေက ဒီနေ့မှာတော့ ပရဟိတသမားတစ်ယောက်နေနဲ့ စေတနာသာမကပဲ အခြားလိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်လေးတွေအကြောင်းကို သူမမှတ်သားဖူးသလောက် ပြောပြထားပါတယ်။

“ကိုယ်ပိုင်လှူဒါန်းတာဖြစ်ဖြစ် တခြားသူတွေရဲ့ အလှူတွေကို လှူဒါန်းတဲ့နေရာမှာဖြစ်ဖြစ် အရေးကြီးတာ ကိုယ်လှူဒါန်းတဲ့အလှူပစ္စည်းတွေက အမှန်တကယ် လိုအပ်တဲ့လူတွေဆီကို မှန်မှန်ကန်ကန်ရောက်ရှိဖို့ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒါကြောင့် ကျမပရဟိတလုပ်ဆောင်တဲ့အခါတိုင်းမှာ ဘာသာမရွေး လူမျိုးမရွေး အဖြူအမဲမရွေး ပါတီစွဲ မရှိလိုအပ်တဲ့သူတွေကို ကူညီနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါတယ်။ ဒီလိုရောက်ရှိနိုင်ဖို့အတွက် နည်းလမ်းရှာရပါတယ်။ ကြိုးပမ်းအားထုတ်ရပါတယ်။ ကူညီနိုင်မဲ့သူတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရပါတယ်။”

“ဒီလိုလုပ်ဆောင်တဲ့အခါမှာ အစွဲကင်းရပါတယ်။ လိုအပ်တဲ့သူဘယ်သူဖြစ်ဖြစ် သူ့တို့ဆီကို လိုအပ်တဲ့အကူအညီတွေ တကယ်ရောက်ဖို့လုပ်ဆောင်တာဟာ ပရဟိတစိတ်ထားပါ။ ဒီလိုဖြစ်နိုင်ဖို့အတွက် ဝိုင်းဝန်းကူညီနိုင်မဲ့သူတွေကိုလဲ အစွဲကင်းကင်းနဲ့ ပူးပေါင်းလုပ်ဆောင်ရတတ်ပါတယ်။ အဓိက ရည်ရွယ်ချက်က အကူအညီလိုအပ်တဲ့သူတွေဆီကို အကူအညီတွေရောက်ဖို့ ဖြစ်ပါတယ်။ အကူအညီလိုတဲ့သူတွေကို မခွဲခြားဘဲ လူသားလို့မြင်ပြီး လူသားအားလုံးက အစွဲကင်းကင်းနဲ့ ဝိုင်းဝန်းကူညီခြင်းဟာ လူသားဆန်သော ပရဟိတစိတ်ထားစစ်စစ်ဖြစ်တယ်လို့ ကျမခံယူပါတယ်ရှင်” ဆိုပြီး ပြောပြထားပါတယ်။

ခိုင်နှင်းဝေကတော့ သူမ ပြုလုပ်သမျှ အလှူမှန်သမျှကို အစွဲကင်းကင်းနဲ့ ကိုယ်ကျိုးမပါပဲ လုပ်ဆောင်တတ်တာ အားလုံးလည်း အသိပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေတစ်ယောက် ပရဟိတလုပ်ငန်းတွေ ဒီထက်မက စွမ်းစွမ်းတမံလုပ်ဆောင်နိုင်ပါစေလို့ Cele Connections မှ ဆုတောင်းပေးလိုက်ပါတယ်။

Source: Khine Hnin Wai’s fb
Bilie – Cele Connections

error: Alert: Content is protected !!