

 

 

 


 

 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“နာရေးကူညီမှုအသင်း (ရန်ကုန်)မှာ ပါဝင်ကူညီလုပ်အားပေးခဲ့တဲ့ ရွှေပိုးအိမ်”

ဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ ပရဟိတ မင်းသမီးလေး ရွှေပိုးအိမ်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ပရိသတ်တွေရဲ့ အားပေးချစ်ခင် မှုတွေကို ရရှိနေပြီး အေးဆေးတည်ငြိမ်စွာ နေတတ်တဲ့သူမရဲ့ အပြုအမူလေးတွေက ပရိသတ်တွေအတွက် အချစ်တွေကို ပိုတိုးစေတယ် လို့ ပြောရမှာပါ.။ ရွှေပိုးလေးက သူမကိုယ်တိုင် ခက်ခဲမှုတွေ ရှိနေရင်တောင် တတ်နိုင်တဲ့ဘက်ကနေ ကူညီလုပ်ဆောင်တတ်တဲ့သူတစ်ဦးပဲဖြစ်ပါတယ်နော်.။

 

 

ဗိုင်းရပ်စ်ပိုးကြောင့် အခက်အခဲဖြစ်ရတဲ့ အခြေခံလူတန်းစားတွေအတွက် လှူဒါန်းမှုတွေကို ပြုလုပ်ခဲ့ပြီး သူမကိုယ်တိုင် မလှူဒါန်းဖြစ်ရင်အောင် လုပ်အားပေးအနေနဲ့ ပါဝင်ကူညီတတ်ပါသေးတယ်..။ ဒီနေ့ မေလ (၁)ရက်နေ့မှာလည်း ရွှေပိုးလေးက နာရေးကူညီမှုအသင်း မှာ ပါဝင်ကူညီလုပ်ဆောင်ပေးဖြစ်ခဲ့တဲ့ ပုံရိပ်လေးတွေကို “(နာရေးကူညီမှုအသင်း (ရန်ကုန်))”ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

 

 

ရွှေပိုးလေးက သူမကိုယ်တိုင် လှူဒါန်းမှုတွေကို မလုပ်နိုင်ရင်တောင် အများသူငှာ လှူဒါန်းနိုင်ဖို့အတွက် ကူညီပေးသွားမှာဖြစ်ပြီး အဲ့ဒီလိုမျိုး ကူညီလုပ်ဆောင်ပေးနိုင်တာကိုပဲ သူမက ကျေနပ်နေတဲ့သူပါဆိုပြီးလည်းသူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ခဲ့ဖူးပါတယ်.။ Cele Connections ပရိသတ်ကြီးလည်း အမြဲတမ်း စိတ်ထားကောင်းပြီး အများကို ကူညီဖို့ အသင့်ရှိနေတဲ့ ရွှေပိုးအိမ်လေးကို အားပေးရင် မှတ်ချက်လေးတွေ ရေးပေးခဲ့ပါဦးနော်.။
Source: Shwe Poe Eain’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!