ယူနီကုဒ်ဖြင့်ဖတ်ရန်
“တစ်ယောက်သောသူကို သတိမရဘဲ မနေနိုင်အောင် လွမ်းနေမိတယ်ဆိုတဲ့ ဆောင်းဝတ်ရည်မေ”
MRTV-4ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ ” ဝိညာဉ်ရှိုက်သံ ” ဇာတ်ကားထဲတွေ ကြယ်စင်ချိုအဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးချောလေး ဆောင်းဝတ်ရည်မေနဲ့ အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ဆောင်းဝတ်ရည်မေကတော့ ဇာတ်ကားတိုင်းလိုလို ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေးတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမဟာဆိုရင် အားပေးနေတဲ့ ပရိသတ်တွေအတွက် ပိုမိုအောင်မြင်လာအောင် ကြိုးစားနေလျက်ရှိပါတယ်။
အိမ်မှာနားနေရင်း အပျင်းပြေ tik tokဆော့ထားတဲ့ ဗီဒီယိုလေးတွေနဲ့ သူမရဲ့ချောမောလှပလွန်းတဲ့ အမှတ်တရပုံရိပ်လေးတွေကို အလွမ်းအဆွေးကပ်ပရှင်းလေးတွေရေးကာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဆောင်းဝတ်ရည်မေကတေ့ာ “မတက်နိုင်ခဲ့ဘူး
မိုးတွေ မရွာဖို့ရယ်၊သတိမရဖို့ရယ်… တစ်ယောက်တည်းဆိုတဲ့ အတွေးကနေထွက်ပြေးဖို့ရယ်”လို့ဆိုကာ သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ တစ်ယောက်တည်း မိုးရွာတဲ့အချိန်သတိရနေတာကို အတွေးကနေမေ့ပျောက်ချင်တဲ့အကြောင်းကို တင်ပေးလိုက်တာပါပဲနော်။
CeleConnections ပရိသတ်တွေအတွက် ဆောင်းဝတ်ရည်မေရဲ့ ခံစားချက်လေးတွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးတွေထဲမှာကော ဆောင်းဝတ်ရည်မေလို ခံစားနေရတဲ့ ခံစားချက်လေးတွေရှိမယ်ထင်ပါတယ်။
Soure… Hsaung Wutyee May’s Facebook
Angella(CeleConnections)
error: Alert: Content is protected !!