ယူနီကုဒ်ဖြင့် ဖတ်ရန်
“မြန်မာ့ရုပ်ရှင် အနုပညာလောကကြီးက တဖြည်းဖြည်း ယိုယွင်း ပျက်စီးနေပြီးလို့ ဒဲ့ပြောလာတဲ့ ဇေရဲထက်”
နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မင်းသားချော ဇေရဲထက်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို ရရှိခဲ့တဲ့ ဇေရဲထက်ကတော့ အမြဲတမ်းပွင့်ပွင့်လင်းလင်း နေကာ သူ့ရဲ့ အနုပညာလောကကို စဝင်လာခဲ့တဲ့ အချိန်က အမှတ်တရလေးတွေကို မျှဝေကာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်.။ ဒီနေ့ ဧပြီလ (၃၀)ရက်နေ့မှာတော့ ဇေရဲထက်က အနုပညာလောက သားတွေ အတွက် ခက်ခဲမှုတွေဖြစ်ကာ ပျက်ယွင်းလာတဲ့ အနုပညာလောကအပေါ် သူ့ရဲ့ အမြင်လေးကို “မြန်မာ့အနုပညာလောက ကျရှုံး နေတာ မသိတာလား မသိကျေးကျွန်ပြုပြီး မိန့်မိန့်ကြီး ငါတို့လုပ်ချင်ရာ လုပ်မယ်ဆို ပြည်သူတွေသနားပါ။ ဇွတ်တွေလုပ်မယူပါနဲ့.။ရှက်ဖို့ကောင်းနေတဲ့မြန်မာ့ရုပ်ရှင် videoလောက ရှက်တတ်ရင် လဲသေ လို့ရတယ်။ (၁)အရည်အချင်းရှိ စီနီယာ အသက်ကြီးတဲ့ဝါရင့်တွေ အကကစားနေရတယ်။ (၂)ဇာတ်ပို့သမားတွေ မုန့်ဟင်းခါး အစ သာမန်လက်လုပ်လက်စားတွေလုပ်နေရတယ်။ (၃)လူကြမ်းသမားတွေ ကြုံရာကျဘမ်း အလုပ်လုပ်နေရတယ်။ (၄)ဟိုမရောက်ဒီမရောက် ကျွန်တော်အပါအဝင် သရုပ်ဆောင် လူငယ်တွေ မျှော်လင့်ချက် ရောင်ခြည်ကင်းပြီး စိတ်ဓါတ်တွေကျပြီး ဈေးရောင်းနေရတယ်။
(၅)ခေတ် (၃)ခေတ်မှီတဲ့လူတွေသာ အဆင်ပြေပြီး အေးချမ်းနေနေနိုင်တာပါ (video dvd ရုပ်ရှင်) (၆)တချို့ စီနီယာတွေတောင် ထမင်းရောင်းနေကြရတယ်။ ဘာလို့လည်း (၇)အခုချိန်မှာ အေးဆေးနေနေတဲ့ လူတွေကဘယ်သူတွေလည်း?? ကျွန်တော်တောင် မိသားစုမပေးရလို့ နို့မို့ဆိုသွားပြီဒါတောင် video ကားရ(၇၀)နီးပါးရိုတ်ပေးခဲ့ရတာနော်။ အလကားက ကားပေါင်း(၅၀) တစ်သိန်းပေးမယ်ဆိုပြီး မပေးခဲ့ (၂၀)က (၁၅)သိန်းနဲ့ရိုတ်ပြီး ရူတင်ပေးတဲ့ဟင်းကို ညစာအဖြစ်တောင် စားပြီးစုခဲ့လိုနေနိုင်တာ ဒါတောင် ကံတရာကကယ်သွားတာ။ ကဲ ဘာလုပ်မလည်း ငါတဘို့တည်းကောင်းဖို့ဆိုလုပ်ကြ ၊ တစ်ဘဝစံချင်ရင်လုပ်ကြ ပြည်သူတွေကလည်း ဖြစ်စေချင်တာက တကယ့်အစစ်အမှန်တွေအားပေးပါ။ ဖေ့ဘွတ်မှာ boothထုပြီး ဖော်လိုဝါများအောင် ကြည့်ရှု့သူများအောင် ဒေါ်လာနဲ့ လုပ်ယူပြီး ဖေ့ဘွတ်သုံးတဲ့လူဆီတိုင်း ကြော်ငြာ ဝင် ကြည့်သူများတာနဲ့ ကောင်းတယ်ဆိုပြီးမဆုံးဖြတ်ကြပါနဲ့။ ပိုက်ဆံကအလကားမရသလို မိဘတွေဆီက တောင်းရင်တောင် မိဘတွေကြည့်ကြည့်ပါ။ ဘယ်လိုတွေရှာရတယ်ဆိုတာ ပလိစ် ကျေးဇူးပြုပြီး ပုဂ္ဂိုလ်စွဲမထားဖို့ရယ် အရှိတိုင်းမြင်တတ်ဖို့ရယ် ဒီလောကကို အောင်မြင်အောင် တိုးတတ်အောင် လုပ်ပေးနိုင်တာက အဓိကက ဘယ်သူမှမဟုတ်ဘူး။
ပြည်သူတွေပါ ပြည်သူတွေသာမကြည့်ရင် ရုပ်ရှင်video ရှိလာမှမဟုတ်ဘူး။ အာ့တော့ သေချာရွေးချယ် ကြည့်ကြပါ .။ အပျင်းပြေကြည့်ပေမယ့် အတင်းလုပ်ယူတာမျိုးအားမပေးပါနဲ့ .။ ကျွန်တော်လည်း ရိုက်ခဲ့ရပါတယ်။ မရိုတ်ရင်လည်း ဘာနဲ့စားရမှာလည်း လုပ်နေတာအနုပညာလေ အခုတော့ အရမ်းသိသာထင်ရှား ညာလို့မရတဲ့အခြေအနေတွေမှာ အကောင်းဆုံးတွေပဲ ဖန်တီးပါလို့ ဆုတောင်းလျက်”ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ ဇေရဲထက်ကတော့ သူ့ရဲ့ အမြင်လေးကို ပွင့်ပွင့်လင်းလင်းလေးနဲ့ ချပြတင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးလည်း ဇေရဲထက်နဲ့ အတွေးလေးတွေ တူခဲ့ရင် မှတ်ချက်လေးတွေ   ရေးသွားခဲ့ပ  ါဦးနော်.။
Source: Zay Ye Htet’s Facebook
Sakura(Cele Connections)
error: Alert: Content is protected !!