ေဘာလိဝုဒ္မင္းသား Irrfan လို အနုပညာရွင္တစ္ေယာက္ ကြယ္လြန္သြားတာကို ႏွေျမာေၾကာင္း ေျပာလာတဲ့ ခီေမာင္ႏွံ

Hindi Medium၊ The Lunchbox၊ Life Of Pie စတဲ့ နာမည္ႀကီး ႐ုပ္ရွင္ဇာတ္ကားအမ်ားအျပားမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ ေဟာလိဝုဒ္၊ ေဘာလိဝုဒ္မင္းသားႀကီး Irrfan Khan ကေတာ့ မေန႔က ဧၿပီလ (၂၉) ရက္ေန႔မွာပဲ ကင္ဆာေရာဂါနဲ႔ ကြယ္လြန္သြားခဲ့ၿပီပဲ ျဖစ္ပါတယ္။ ဘဝတစ္ပါး ကူးေျပာင္းသြားၿပီျဖစ္တဲ့ မင္းသားႀကီး Irrfan Khan အတြက္ သူ႔ရဲ႕ ပရိသတ္ေတြထဲကအပါအဝင္ျဖစ္တဲ့ ဇာဏ္ခီနဲ႔ ခရစၥတီးနားခီတို႔ ေမာင္ႏွံကလည္း ႏွေျမာတသျဖစ္ေနရတဲ့အေၾကာင္းကို အခုလိုပဲ ေျပာထားပါတယ္။

 

 

“ႏွေျမာလိုက္တာ…He is my favorite Indian actor. Fan တေယာက္အေနနဲ႔ ႐ုပ္ရွင္ေတြ အမ်ားႀကီး ထပ္႐ိုက္ေစခ်င္ေပမယ့္လည္း အခ်ိန္အမ်ားႀကီး မရခဲ့ရွာဘူး။ ဒါေပမယ့္လည္း ကိုယ့္အတြက္ေတာ့ The Lunch Box လိုကားမ်ိဳးၾကည့္ခြင့္ရခဲ့တဲ့အတြက္ ေက်နပ္မိပါတယ္။ Rest In Peace.” ဆိုျပီး စိတ္မေကာင္းတဲ့အေၾကာင္းကို ေဖာ္ျပထားပါတယ္။

 

 

ခီေမာင္နွံအပါအဝင္ ျမန္မာပရိသတ္ အေတာ္မ်ားမ်ားလည္း မင္းသားၾကီး Irrfan Khan ရဲ့ ဇာတ္ကားေတြကို စြဲစြဲလန္းလန္း ၾကိဳက္နွစ္သက္ခဲ့ရတာမို့ Irrfan ကြယ္လြန္သြားတဲ့ သတင္းက တကယ့္ကို စိတ္မေကာင္းစရာပါပဲ။ Irrfan တစ္ေယာက္လည္း ေအးခ်မ္းစြာနဲ့ အနားယူနိုင္ပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္။

 

 

Source: Christina Kyi’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဘောလိဝုဒ်မင်းသား Irrfan လို အနုပညာရှင်တစ်ယောက် ကွယ်လွန်သွားတာကို နှမြောကြောင်း ပြောလာတဲ့ ခီမောင်နှံ

Hindi Medium၊ The Lunchbox၊ Life Of Pie စတဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားအများအပြားမှာ သရုပ်ဆောင်ခဲ့တဲ့ ဟောလိဝုဒ်၊ ဘောလိဝုဒ်မင်းသားကြီး Irrfan Khan ကတော့ မနေ့က ဧပြီလ (၂၉) ရက်နေ့မှာပဲ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဘဝတစ်ပါး ကူးပြောင်းသွားပြီဖြစ်တဲ့ မင်းသားကြီး Irrfan Khan အတွက် သူ့ရဲ့ ပရိသတ်တွေထဲကအပါအဝင်ဖြစ်တဲ့ ဇာဏ်ခီနဲ့ ခရစ္စတီးနားခီတို့ မောင်နှံကလည်း နှမြောတသဖြစ်နေရတဲ့အကြောင်းကို အခုလိုပဲ ပြောထားပါတယ်။

“နှမြောလိုက်တာ…He is my favorite Indian actor. Fan တယောက်အနေနဲ့ ရုပ်ရှင်တွေ အများကြီး ထပ်ရိုက်စေချင်ပေမယ့်လည်း အချိန်အများကြီး မရခဲ့ရှာဘူး။ ဒါပေမယ့်လည်း ကိုယ့်အတွက်တော့ The Lunch Box လိုကားမျိုးကြည့်ခွင့်ရခဲ့တဲ့အတွက် ကျေနပ်မိပါတယ်။ Rest In Peace.” ဆိုပြီး စိတ်မကောင်းတဲ့အကြောင်းကို ဖော်ပြထားပါတယ်။

ခီမောင်နှံအပါအဝင် မြန်မာပရိသတ် အတော်များများလည်း မင်းသားကြီး Irrfan Khan ရဲ့ ဇာတ်ကားတွေကို စွဲစွဲလန်းလန်း ကြိုက်နှစ်သက်ခဲ့ရတာမို့ Irrfan ကွယ်လွန်သွားတဲ့ သတင်းက တကယ့်ကို စိတ်မကောင်းစရာပါပဲ။ Irrfan တစ်ယောက်လည်း အေးချမ်းစွာနဲ့ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Christina Kyi’s fb
Bilie – Cele Connections

error: Alert: Content is protected !!