

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

ဖေဖေ၊ မေမေရဲ့ အချောအလှတွေကို စုပြုံရရှိထားကြောင်း သက်သေပြလိုက်တဲ့ အကယ်ဒမီ ခင်ဇာခြည်ကျော်

နိုင်ငံကျော် မင်းသမီးကြီးတစ်လက်ဖြစ်တဲ့ ခင်ဇာခြည်ကျော်က “ငါ၊ သူတစ်ပါး၊ ယောကျာ်း၊ မိန်းမ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကြီးကို ရရှိထားသူတစ်ယောက်ပါ။ ခင်ဇာခြည်ကျော်က အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို ချစ်စရာကောင်းတဲ့ သားနဲ့ သမီးကို စောင့်ရှောက်နေတဲ့ Single Mother တစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ခင်ဇာခြည်ကျော်ရဲ့ ဖြစ်တည်မှုကို အားပေးပြီး ယနေ့အချိန်ထိတိုင် ချစ်ခင်နေကြဆဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ခင်ဇာခြည်ကျော်ရဲ့ သူမရဲ့ မိဘနှစ်ပါးနဲ့အတူတူ ရိုက်ကူးထားတဲ့ အမှတ်တရ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးကို ပရိသတ်တွေဆီ မျှဝေထားပါတယ်။ ခင်ဇာခြည်ကျော်ရဲ့ဖေဖေနဲ့ မေမေကလည်း အရမ်းကို ချောမောတဲ့ ရုပ်ရည်တွေပိုင်ဆိုင်ထားတာကြောင့် ခင်ဇာခြည်ကျော်လှနေတာ မထူးဆန်းလောက်ပါဘူး။

ခင်ဇာခြည်ကျော်ကတော့ ငယ်ငယ်လေးကတည်းက အမျိုးသားပရိသတ်တွေ သည်းသည်းလှုပ်ချစ်ရသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခင်ဇာခြည်ကျော်တို့ ရဲ့ ရှားရှားပါးပါး မိသားစုဓာတ်ပုံလေးကိုကြည့်ပြီး ကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်နော်။

Source: Khin Zar Chi Kyaw’s fb
Bilie – Cele Connections

error: Alert: Content is protected !!