

 

ပိုပိုဟာ​မိဘတွေမရှိတော့ဘဲ ကိုယ်တိုင်တစ်ဦးတည်း ရပ်တည်လာနိုင်သူတစ်ဦးလည်းဖြစ်ပြီးသူမသီချင်းတော်တော်များများကို က​လေးလူကြီးမရွေးနှစ်သက်သဘောကျကြတာအမှန်ပါပဲနော်။

 

 


 

Source : ဝတ်ရည်မိုး
ယူနီကုတ်ဖြင့်ဖတ်ရန်

” အမေ ရဲ့ မေတ္တာဆိုတာ ဘာလဲ သိချင်လို့နောက်ဘဝတွေမှာ လူဖြစ်ခဲ့ရင် မိစုံဖစုံဖြစ်ချင်တယ် ဆိုတဲ့ ပိုပို”

အဆိုတော်သရုပ်ဆောင်ပိုပို လက်ရှိဖြစ်ပွားနေတဲ့Covid 19နဲ့ပတ်သက်ပြီး ပရိသတ်တွေကိုသတိပေးစကားနဲ့ဆောင်ရန်ရှောင်ရန်တွေကိုဝေမျှပေးနေတဲ့အနုပညာရှင်တစ်ဦးပါပဲနော်။ဒါ့အပြင် Covid 19နဲ့ပတ်သက်ပြီး သူမတတ်စွမ်းသမျှ အလှူတွေဆက်တိုက်လှူဒါန်းနေသူလေးလည်းဖြစ်ပါတယ်။

ပိုပိုဟာ​မိဘတွေမရှိတော့ဘဲ ကိုယ်တိုင်တစ်ဦးတည်း ရပ်တည်လာနိုင်သူတစ်ဦးလည်းဖြစ်ပြီးသူမသီချင်းတော်တော်များများကို က​ေလးလူကြီးမရွေးနှစ်သက်သဘောကျကြတာအမှန်ပါပဲနော်။ပိုပိုက​တော့ပရဟိတအလှူအတန်းတွေခဏခဏပြုလုပ်တတ်သူလေးတစ်ဦးဖြစ်တဲ့အပြင်ဘာသာတရားကိုင်းရှိုင်းပြီး လူကြီးမိဘကိုရိုသေတတ်သူလို့လည်းဆိုရမှာပါ။

ဒီနေ့မှာတော့ပိုပို တစ်ယောက် သူမရဲ့ခံစားချက်တစ်ချို့ကို ရင်ဖွင့်ပြောပြလာတာပဲ ဖြစ်ပါတယ်။ ”
တခါတလေ အမေ ရှိစေချင်တယ် နောက်ဘဝတွေမှာ လူဖြစ်ခဲ့ရင် မိစုံဖစုံ ဖြစ်ပါရစေ ။ အမေ ရဲ့ မေတ္တာဆိုတာ ဘာလဲ သိချင်လို့ “ဆိုတဲ့ စာလေးကိုရေးတင်ခဲ့တာပါ။ ပိုပိုကတော့အဘွားနဲ့ သူမရဲ့ငယ်ဘဝလေးကို ဖြတ်သန်းခဲ့ရကြောင်းကို သူမရဲ့ပရိသတ်တွေကိုပွင့်လင်းစွာရင်ဖွင့်ပြောပြခဲ့ဖူးပါတယ်နော်။CeleConnectionsပရိသတ်ကြီးလည်း ပိုပိုတစ်ယောက် နောင်ဘဝမှမဟုတ်ဘဲ မကြာမီအချိန်အတွင်းမှာ အမေရဲ့မေတ္တာတွေ ရရှိနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးခဲ့ပါဦးနော်။

Source : ဝတ်ရည်မိုး
Candy -CeleConnections

error: Alert: Content is protected !!