

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

အိမ်မှာ ဝတ်စုံပြည့်ဝတ်ပြီး Tik Tok ရိုက်နေတဲ့ ညီမလေး Bobby Soxer ကို ဆေးထိုးလိုက်တဲ့ စိုးလင်းဖြိုး

လူငယ်ကြိုက် အဆိုတော်တစ်ယောက်ဖြစ်တဲ့ Bobby Soxer ကတော့ Rap သီချင်းတွေကို သီဆိုရင်း ပရိသတ်အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ Bobby Soxer ရဲ့ တစ်ဦးတည်းသော အစ်ကိုဖြစ်တဲ့ စိုးလင်းဖြိုးကလည်း ညီမလေးနဲ့ အတူတူ သီချင်းတွေသီဆိုပြီး လူသိများလာသူတစ်ယောက်ဖြစ်ပါတယ်။ အမြွှာတွေလို ရုပ်ချင်းအင်မတန်ဆင်တဲ့ Bobby Soxer နဲ့ စိုးလင်းဖြိုးတို့က တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းတွေလို ရင်းရင်းနှီးနှီးရှိကြတာလည်း တွေ့ရပါတယ်။

ဒီနေ့မှာတော့ စိုးလင်းဖြိုးက အိမ်မှာနေရင်း ဝတ်စုံပြည့်နဲ့ Tik Tok ရိုက်နေတဲ့ ညီမလေး Bobby Soxer ကို ဆေးထိုးထားတာကို တွေ့ရပါတယ်။ Bobby Soxer ကတော့ “အပြင်မှာ ဒါမျိုး အင်မတန်မှ မြင်ရခဲပါတယ် tiktok dance vdo တွေရိုက်ရတာ ပျော်တယ်” ဆိုပြီး ပြောထားပါတယ်။ Cele Connections ပရိသတ်ကြီးအတွက် Bobby Soxer ရဲ့ အမိုက်စား အကစွမ်းရည်ကို မျှဝေလိုက်ပါတယ်နော်။

ကိုကြီး စိုးလင်းဖြိုးရဲ့ ဆေးထိုးမှုကို Bobby Soxer သာ သိရင် တော်တော်လေး စိတ်ဆိုးမှာပဲနော်။ ပရိသတ်ကြီးလည်း Bobby Soxer တို့မောင်နှမကိုကြည့်ပြီး ကိုယ့်ရဲ့ မတည့်အတူနေ မောင်နှမတွေကို သတိရသွားမယ်လို့ ထင်ပါတယ်နော်။

Source: Htet Htet Aung’s fb
Bilie – Cele Connections

error: Alert: Content is protected !!