“အသက္(၃၉)နွစ္ျပည့္မွာ ခ်စ္သူနဲ႕ ေရႊလက္တြဲကာ လက္ထပ္လိုက္တဲ့ ခင္ေလးႏြယ္”

သဘာဝဆန္တဲ့ အလွတရားေတြနဲ႕ ယဥ္ယဥ္ေလးလွသူ မင္းသမီး ခင္ေလးႏြယ္ကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းနွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္.။ က်ရာဇာတ္ရုပ္တိုင္းကို စကားသံဝဲဝဲေလးေတြနဲ႕ ပီျပင္ေအာင္ သရုပ္ေဆာင္နိုင္တဲ့ မင္းသမီးတစ္လက္ပဲျဖစ္ပါတယ္ ..။ လတ္တေလာေလးကမွ သူမရဲ႕ ခ်စ္သူကို တရားဝင္ ခ်ျပခဲ့ၿပီး ငယ္သူခ်င္းေတြကေန ခ်စ္ၾကတဲ့ သူမတို႕ အခ်စ္ေရးအေၾကာင္းကို သူမရဲ႕ ပရိသတ္ေတြအတြက္ ဖြင့္ ခ်ေျပာျပလာခဲ့တာပါ.။

 

 

 

လက္ရွိမွာ ခင္ေလးႏြယ္ဟာ ခ်စ္သူနဲ႕အတူတူ လိႈဏ္ဂူကၽြန္းမွာ အပန္းေျဖစခန္းေလးဖြင့္ကာ စီးပြားေရးေတြကို အတူ လုပ္ကိုင္ေနၾကတာပါ.။ ဧၿပီလ (၅)ရက္ေန႕မွာ သူမနဲ႕ ခ်စ္သူတို႕ လက္ထပ္လိုက္ေၾကာင္းကို လူမႈကြန္ရက္စာမ်က္နွာေပၚမွာ Married Status ေလးကို တရားဝင္ တင္လာခဲ့ပါတယ္.။ ဒီေန႕ ဧၿပီလ (၃၀)ရက္ေန႕မွာေတာ့ ခင္ေလးႏြယ္က “Happy Birthday to me… Baby ေလးကေန ခု (၃၉) ႏွစ္အ႐ြယ္ထိ ေမြးဖြားျပဳစုေပးခဲ့ေသာ မိဘ (၂) ပါးကို ေက်းဇူးတင္ပါတယ္.။ မိဘေတြကိုခ်စ္လြန္းလို႔ ဒီအ႐ြယ္မွ အိမ္ေထာင္ျပဳတာပါလို႔” ဆုိၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္.။

 

 

 

ခင္ေလးႏြယ္ကေတာ့ အသက္ (၃၉)နွစ္ျပည့္သြားတယ္လို႕ မထင္ရေအာင္ နုပ်ိဳလွပလြန္းေနေတာ့ တာပဲျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး.။ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္သူနဲ႕အတူတူ လက္တြဲကာ ေပ်ာ္ရႊင္ေအးခ်မ္းစြာ ေနထိုင္ေနတဲ့ ခင္ေလးႏြယ္ရဲ႕ အသက္ (၃၉)နွစ္ျပည့္ ေမြးေန႕အတြက္ ေမြးေန႕ ဆုမြန္ေကာင္းေလး ေတာင္းေပးသြားပါဦးေနာ္.။
Source: Khin Lay New’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“အသက်(၃၉)နှစ်ပြည့်မှာ ချစ်သူနဲ့ ရွှေလက်တွဲကာ လက်ထပ်လိုက်တဲ့ ခင်လေးနွယ်”

သဘာဝဆန်တဲ့ အလှတရားတွေနဲ့ ယဉ်ယဉ်လေးလှသူ မင်းသမီး ခင်လေးနွယ်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ကျရာဇာတ်ရုပ်တိုင်းကို စကားသံဝဲဝဲလေးတွေနဲ့ ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ် ..။ လတ်တလောလေးကမှ သူမရဲ့ ချစ်သူကို တရားဝင် ချပြခဲ့ပြီး ငယ်သူချင်းတွေကနေ ချစ်ကြတဲ့ သူမတို့ အချစ်ရေးအကြောင်းကို သူမရဲ့ ပရိသတ်တွေအတွက် ဖွင့်ချပြောပြလာခဲ့တာပါ.။

လက်ရှိမှာ ခင်လေးနွယ်ဟာ ချစ်သူနဲ့အတူတူ လှိုဏ်ဂူကျွန်းမှာ အပန်းဖြေစခန်းလေးဖွင့်ကာ စီးပွားရေးတွေကို အတူ လုပ်ကိုင်နေကြတာပါ.။ ဧပြီလ (၅)ရက်နေ့မှာ သူမနဲ့ ချစ်သူတို့ လက်ထပ်လိုက်ကြောင်းကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ Married Status လေးကို တရားဝင် တင်လာခဲ့ပါတယ်.။ ဒီနေ့ ဧပြီလ (၃၀)ရက်နေ့မှာတော့ ခင်လေးနွယ်က “Happy Birthday to me… Baby လေးကနေ ခု (၃၉) နှစ်အရွယ်ထိ မွေးဖွားပြုစုပေးခဲ့သော မိဘ (၂) ပါးကို ကျေးဇူးတင်ပါတယ်.။ မိဘတွေကိုချစ်လွန်းလို့ ဒီအရွယ်မှ အိမ်ထောင်ပြုတာပါလို့” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

ခင်လေးနွယ်ကတော့ အသက် (၃၉)နှစ်ပြည့်သွားတယ်လို့ မထင်ရအောင် နုပျိုလှပလွန်းနေတော့ တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးလည်း ချစ်သူနဲ့အတူတူ လက်တွဲကာ ပျော်ရွှင်အေးချမ်းစွာ နေထိုင်နေတဲ့ ခင်လေးနွယ်ရဲ့ အသက် (၃၉)နှစ်ပြည့် မွေးနေ့အတွက် မွေးနေ့ ဆုမွန်ကောင်းလေး တောင်း  ပေးသွားပါဦးနော်.။
Source: Khin Lay New’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!