

 

 


 

 


 

 

Source: May Myint Mo’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

သနပ်ခါးပါးကွက်ကြားလေးလိမ်းပြီး ခြံထဲက ပိတောက်ပန်းတွေ တပွေ့ကြီးနဲ့ လှချင်တိုင်းလှနေတဲ့ မေမြင့်မိုရ်

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး မေမြင့်မိုရ်က MRTV 4 ရုပ်သံလိုင်းရဲ့ “ပန်းနုသွေး” ဇာတ်လမ်းတွဲနဲ့ အောင်မြင်မှု ရရှိခဲ့သူတစ်ယောက်ပါ။ မေမြင့်မိုရ်က နောက်ပိုင်းမှာ “အရိပ်”၊ “ပုဂံမြို့သူ” စတဲ့ ဇာတ်လမ်းတွဲတွေမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ခဲ့ရပြီး “မိုးပန်းပွင့်ရဲ့သင်္ကေတ”၊ “အချစ်ဆုံး Crush “၊ “၁၀၁၉”၊ “ရိုးမပေါ်ကျတဲ့မျက်ရည်” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်နိုင်ခဲ့ပြီး ပရိသတ် အားပေးမှု ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ မေမြင့်မိုရ်က မြန်မာဆန်ဆန် သနပ်ခါး ပါးကွက်ကြားလေး လိမ်းပြီး လှနေတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် ခြံထဲမှာ ပိတောက်ပန်းတွေ ပွင့်လို့ ပျော်ရွှင်နေတဲ့ မေမြင့်မိုရ်ရဲ့ ပုံရိပ်လေးတွေကို မျှဝေဖော်ပြပေးလိုက်ရပါတယ်နော်။

မေမြင့်မိုရ်ကတော့ လက်ရှိမှာ သူမရဲ့ အနုပညာလုပ်ငန်းတွေကို ရပ်နားထားရပြီး အိမ်မှာပဲ မိသားစုနဲ့အတူတူ အချိန်ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သနပ်ခါးပါးကွက်ကြားလေးနဲ့လှနေတဲ့ မေမြင့်မိုရ်ရဲ့ ပုံရိပ်လေးတွေကို သဘောကျကြမယ်လို့ မျှော်လင့်ပါတယ်နော်။

Source: May Myint Mo’s fb
Bilie – Cele Connections

error: Alert: Content is protected !!