လူမႈေရးမသိတတ္သူေၾကာင့္ သူ့ရဲ့လွ်ိဳ့ဝွက္ခ်က္ၾကီးတစ္ခုကို ထုတ္ေျပာလာတဲ့ ကိုေပါက္ရဲ့ အခြီဗီဒီယို

ဒါရိုက္တာၾကီးကိုေပါက္ကေတာ့ လက္တေလာမွာ ရုပ္ရွင္ရိုက္ကူးမႈေတြကို ရပ္နားထားျပီး မိသားစုေတြနဲ့ အတူတူ အခ်ိန္ကုန္ဆံုးေနတာပဲ ျဖစ္ပါတယ္။ အနုပညာသမားတစ္ေယာက္ပီပီ ပရိသတ္ေတြကို ေပ်ာ္ရႊင္ေစခ်င္တဲ့ ကိုေပါက္က သူအားလပ္ခ်ိန္ေတြမွာ Tik Tok ဗီဒီယိုေတြနဲ့ ဟာဒယရႊင္ေဆးတိုက္ေကၽြးေလ့ရိွသူတစ္ေယာက္ပါ။ ကိုေပါက္ရဲ့ Tik Tok ေတြကေတာ့ ပရိသတ္ေတြၾကားမွာသာမက အနုပညာရွင္ေတြၾကားမွာပါ လူၾကိဳက္မ်ားလွပါတယ္။

 

 

ဒီတစ္ေခါက္မွာလည္း ကိုေပါက္က သူ့ရဲ့ ပရိသတ္ေတြ ရယ္ေမာေပ်ာ္ရႊင္ရေအာင္ Tik Tok ဗီဒီယုိေလးတစ္ခုကို မွ်ေဝလာပါတယ္။ ကိုေပါက္က အလိုက္ကန္းဆိုးမသိတဲ့သူတစ္ေယာက္ေၾကာင့္ ေယာက်ာ္းကေန မိန္းမျဖစ္သြားရတဲ့အျဖစ္ကို အခုလိုပဲ အခြီေျပာျပလာတာပဲ ျဖစ္ပါတယ္။

 

 

ကိုေပါက္ကေတာ့ တကယ့္ကို ၾကံၾကံဖန္ဖန္ လုပ္တတ္တာပဲေနာ္။ ပရိသတ္ၾကီးလည္း ကိုေပါက္ရဲ့ Tik Tok ေလးေတြကိုၾကည့္ျပီး ခဏတာေတာ့ ဘဝအေမာေတြ ေျပေပ်ာက္သြားမယ္လို့ ေမွ်ာ္လင့္ပါတယ္ေနာ္။

 

 

Source: Aung Min Naing’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

လူမှုရေးမသိတတ်သူကြောင့် သူ့ရဲ့လျှို့ဝှက်ချက်ကြီးတစ်ခုကို ထုတ်ပြောလာတဲ့ ကိုပေါက်ရဲ့ အခွီဗီဒီယို

ဒါရိုက်တာကြီးကိုပေါက်ကတော့ လက်တလောမှာ ရုပ်ရှင်ရိုက်ကူးမှုတွေကို ရပ်နားထားပြီး မိသားစုတွေနဲ့ အတူတူ အချိန်ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ အနုပညာသမားတစ်ယောက်ပီပီ ပရိသတ်တွေကို ပျော်ရွှင်စေချင်တဲ့ ကိုပေါက်က သူအားလပ်ချိန်တွေမှာ Tik Tok ဗီဒီယိုတွေနဲ့ ဟာဒယရွှင်ဆေးတိုက်ကျွေးလေ့ရှိသူတစ်ယောက်ပါ။ ကိုပေါက်ရဲ့ Tik Tok တွေကတော့ ပရိသတ်တွေကြားမှာသာမက အနုပညာရှင်တွေကြားမှာပါ လူကြိုက်များလှပါတယ်။

ဒီတစ်ခေါက်မှာလည်း ကိုပေါက်က သူ့ရဲ့ ပရိသတ်တွေ ရယ်မောပျော်ရွှင်ရအောင် Tik Tok ဗီဒီယိုလေးတစ်ခုကို မျှဝေလာပါတယ်။ ကိုပေါက်က အလိုက်ကန်းဆိုးမသိတဲ့သူတစ်ယောက်ကြောင့် ယောကျာ်းကနေ မိန်းမဖြစ်သွားရတဲ့အဖြစ်ကို အခုလိုပဲ အခွီပြောပြလာတာပဲ ဖြစ်ပါတယ်။

ကိုပေါက်ကတော့ တကယ့်ကို ကြံကြံဖန်ဖန် လုပ်တတ်တာပဲနော်။ ပရိသတ်ကြီးလည်း ကိုပေါက်ရဲ့ Tik Tok လေးတွေကိုကြည့်ပြီး ခဏတာတော့ ဘဝအမောတွေ ပြေပျောက်သွားမယ်လို့ မျှော်လင့်ပါတယ်နော်။

Source: Aung Min Naing’s fb
Bilie – Cele Connections

error: Alert: Content is protected !!