မိုးေတြသည္းသည္းမည္းမည္း႐ြာခ်ိန္မွာ သူမရဲ႕ ေအာင္ျမင္ခဲ့တဲ့မွတ္တိုင္တစ္ခုကို ျပန္လည္သတိရေအာက္ေမ့ေနတဲ့ ဝတ္မႈံေ႐ႊရည္

ႏိုင္ငံေက်ာ္ မင္းသမီးေခ်ာ ဝတ္မႈံေ႐ႊရည္က ေႂကြ႐ုပ္ေလးတစ္႐ုပ္လို ႏူးႏူးညံ့ညံ့ လွပသူတစ္ေယာက္ျဖစ္ေပမယ့္ သူမသ႐ုပ္ေဆာင္ရတဲ့ ဇာတ္ေကာင္နဲ႔ ပက္သတ္ရင္ စိတ္ေရာကိုယ္ပါ နစ္ၿပီး သ႐ုပ္ေဆာင္တတ္သူတစ္ေယာက္ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္လည္း သူမရဲ႕ အႏုပညာသက္တမ္း ဆယ္ႏွစ္ေက်ာ္အတြင္း အကယ္ဒမီဆု (၂) ဆုရရွိခဲ့သလို ႏိုင္ငံရပ္ျခားက ခ်ီးျမႇင့္တဲ့ ထူးခြၽန္ဆုေတြကို ရရွိပိုင္ဆိုင္ခဲ့တာပဲ ျဖစ္ပါတယ္။

 

 

ဒီကေန႔ ေန႔လည္ပိုင္းမွာေတာ့ ရန္ကုန္ၿမိဳ႕မွာ မိုးေတြသည္းသည္းမည္းမည္း႐ြာၿပီး မိုးႀကိဳးေတြပစ္၊ လွ်ပ္စီးေတြလွ်ပ္ေနခ်ိန္မွာ ဝတ္မႈံေ႐ႊရည္က သူမရဲ႕ ေအာင္ျမင္မႈမွတ္တိုင္တစ္ခုကို သတိရေနခဲ့ပါယ္။ ဝတ္မႈံေ႐ႊရည္က သူမရဲ႕ ဒုတိယေျမာက္ အကယ္ဒမီမွတ္တိုင္တစ္ခုျဖစ္တဲ့ “ခ်စ္လွစြာေသာအမုန္း” ႐ုပ္ရွင္ဇာတ္ကားႀကီးမွ “‘အမုန္း’ေၾကာက္တယ္ ⚡️🌨” ဆိုတဲ့ ဒိုင္ယာေလာ့ခ္ေလးကို ျပန္လည္သတိရစြာ ေျပာထားတာပဲ ျဖစ္ပါတယ္။

 

 

“ခ်စ္လွစြာေသာအမုန္း” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ဝတ္မႈံေရႊရည္က “အမုန္း” ဆိုတဲ့ မိန္းကေလးေနရာကေန သရုပ္ေဆာင္ခဲ့ျပီး (2014) ခုနွစ္မွာပဲ ထိုရုပ္ရွင္ဇာတ္ကားၾကီးနဲ့ ဒုတိယေျမာက္အကယ္ဒမီဆုၾကီးကို ဆြတ္ခူးနိုင္ခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးေရာ “ခ်စ္လွစြာေသာအမုန္း” ႐ုပ္ရွင္ဇာတ္ကားႀကီးကို သတိရၾကေသးလား ေျပာျပခဲ့ဦးေနာ္။

 

 

Source: Wutt Hmone Shwe Yi’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မိုးတွေသည်းသည်းမည်းမည်းရွာချိန်မှာ သူမရဲ့ အောင်မြင်ခဲ့တဲ့မှတ်တိုင်တစ်ခုကို ပြန်လည်သတိရအောက်မေ့နေတဲ့ ဝတ်မှုံရွှေရည်

နိုင်ငံကျော် မင်းသမီးချော ဝတ်မှုံရွှေရည်က ကြွေရုပ်လေးတစ်ရုပ်လို နူးနူးညံ့ညံ့ လှပသူတစ်ယောက်ဖြစ်ပေမယ့် သူမသရုပ်ဆောင်ရတဲ့ ဇာတ်ကောင်နဲ့ ပက်သတ်ရင် စိတ်ရောကိုယ်ပါ နစ်ပြီး သရုပ်ဆောင်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သူမရဲ့ အနုပညာသက်တမ်း ဆယ်နှစ်ကျော်အတွင်း အကယ်ဒမီဆု (၂) ဆုရရှိခဲ့သလို နိုင်ငံရပ်ခြားက ချီးမြှင့်တဲ့ ထူးချွန်ဆုတွေကို ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီကနေ့ နေ့လည်ပိုင်းမှာတော့ ရန်ကုန်မြို့မှာ မိုးတွေသည်းသည်းမည်းမည်းရွာပြီး မိုးကြိုးတွေပစ်၊ လျှပ်စီးတွေလျှပ်နေချိန်မှာ ဝတ်မှုံရွှေရည်က သူမရဲ့ အောင်မြင်မှုမှတ်တိုင်တစ်ခုကို သတိရနေခဲ့ပါယ်။ ဝတ်မှုံရွှေရည်က သူမရဲ့ ဒုတိယမြောက် အကယ်ဒမီမှတ်တိုင်တစ်ခုဖြစ်တဲ့ “ချစ်လှစွာသောအမုန်း” ရုပ်ရှင်ဇာတ်ကားကြီးမှ “‘အမုန်း’ကြောက်တယ် ⚡️🌨” ဆိုတဲ့ ဒိုင်ယာလော့ခ်လေးကို ပြန်လည်သတိရစွာ ပြောထားတာပဲ ဖြစ်ပါတယ်။

“ချစ်လှစွာသောအမုန်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဝတ်မှုံရွှေရည်က “အမုန်း” ဆိုတဲ့ မိန်းကလေးနေရာကနေ သရုပ်ဆောင်ခဲ့ပြီး (2014) ခုနှစ်မှာပဲ ထိုရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယမြောက်အကယ်ဒမီဆုကြီးကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော “ချစ်လှစွာသောအမုန်း” ရုပ်ရှင်ဇာတ်ကားကြီးကို သတိရကြသေးလား ပြောပြခဲ့ဦးနော်။

Source: Wutt Hmone Shwe Yi’s fb
Bilie – Cele Connections

error: Alert: Content is protected !!