ယူနီကုဒ်ဖြင့် ဖတ်ရန်
“မိဘမေတ္တာတွေကို နားလည်ကာ ချစ်ပေးတဲ့မိဘနှစ်ပါးအနားမှာ နေကာ အပျိုကြီးပဲ လုပ်တော့မယ်ဆိုတဲ့ သွန်းဆက်”
အသားဖြူဖြူလေးနဲ့ လှပပြီး ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီး သွန်းဆက်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို ရရှိပြီး ချစ်ရတဲ့ မိဘနှစ်ပါးနဲ့အတူတူ ပျော်ရွှင်အေးချမ်းစွာ သူမဘဝလေးကို ဖြတ်သန်းနေတဲ့သူပဲဖြစ်ပါတယ်.။ အချစ်ရေးမှာ အသည်းကွဲခဲ့ပေမယ့် လက်ရှိမှာ ပျော်ပျော်ရွှင်ရွှင် Single ဘဝလေးနဲ့ ချစ်တဲ့ We Loveလေးတွေနဲ့အချစ်တွေ ဖလှယ်ကာ ပျော်ရွှင်စွာ နေနေတာပါ.။
ဒီနေ့ ဧပြီလ (၃၀)ရက်နေ့မှာတော့ သွန်းဆက်က မိဘနှစ်ပါးရဲ့ မေတ္တာတွေနဲ့သူမဘဝလေး အေးချမ်းနေတဲ့အကြောင်းလေးကို “ဪ…. မိဘ မေတ္တာ အိပ်ယာက နိုးနိုးချင်း ပိတောက်ပန်းရနံ့လေးက ဆွဲဆောင်နေရော… ညနေဖက် ပါးပါးတို့အမေတို့နဲ့ လမ်းလျှောက်ရင်ပြောနေကြ… သမီး- မိုးကဘယ်တော့ရွာမှာလဲအမေ။ အမေ – ဘာလို့လဲသမီး။ သမီး – မိုးရွာရင်ပိတောက်ပန်းပွင့်မှာလေ … ဟိုးမှာအဖူးလေးတွေ တွေ့နေပြီ ( ဝန်းထဲမှာ ရှားးရှား ပါးပါး ပိတောက်ပင်တစ်ပင်တည်းရယ် )ပါးပါး – ပိတောက်ပန်းပွင့်ရင် ခူးပေးမယ်တဲ့ ….။ သမီး – အပင်ကအမြင့်ကြီး ပါးပါးရယ် တက်မခူးပါနဲ့ ပြုတ်ကြနေပါ့မယ်… ။ ရတယ် မလိုချင်တော့ဘူး ပြောလိုက်တာ….။ တကယ် ပိတောက်ပန်းပွင့်တဲ့ မနက်ကျတော့ … ကိုယ်တောင်အိပ်ယာကမနိုးသေးဘူး.။ မနက်စောစော ဘယ်အချိန်ထဲက…ပါးပါး တက် ခူးပေးထားလဲမသိဘူး…..။ အိပ်ယာကနိုးတော့ ….. ကိုယ့်ကုတင်ဘေးနားမှာ အမေ က ပိတောက်ပန်းလေး လာထားပေးထားတယ်…..။
အော်… ခလေးလေးဘဝထဲက အခုချိန်ထိ ဖြစ်ချင်တာ လိုချင်တာကို အိမ်က နိုင်သလောက်လုပ်ပေး support လုပ်ပေးတာကို တွေးမိပြီး … အရမ်းကြည်နူးမိတယ်….. မိဘ မေတ္တာသည်သာ အအေးမြဆုံးပဲ..။ မှတ်ချက် – ပါးပါးနဲ့ အမေ ရေ သမီးက အပျိုကြီးလုြပ်ပီး ပါးပါးနဲ့ အမေနားမှာ ချွဲပြီး ခလေး တစ်ယောက်လိုပဲ တစ်သက်လုံးနေသွားမှာနော်” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ သွန်းဆက်လေးကတော့ အချစ်တွေအပြည့်နဲ့ မေတ္တာတွေ လွှမ်းခြုံကာ အချစ်တွေ ပေးတဲ့ မိဘနှစ်ပါးအနားမှာပဲ နေထိုင်ရင်း အပျိုကြီး လုပ်သွားတော့မယ့် သူမရဲ့ ဆုံးဖြတ်ချက်လေးကို တင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီ.။ Cele Connections ပရိသတ်ကြီးလည် ကလေးလေးတစ်ယောက်လို ချွဲကာ ချစ်စရာကောင်းလွန်းတဲ့ သွန်းဆက်လေးကို အားပေးရင် မှတ်ချက်လေးတွေ ရေးပေးခဲ့ကြပါဦးနော်.။
Source: Thun Sett’s Facebook
Sakura(Cele Connections)
error: Alert: Content is protected !!