

 

 

 


 

 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“ပိတောက်ပန်းလေးတွေ တစ်နှစ်မှ တစ်ခါတောင် ပွင့်ဖို့ မသေချာတော့ဘူးဆိုတဲ့ နေခြည်ဦး”

သရုပ်ဆောင် မင်းသမီး Beauty Blogger မလေး နေခြည်ဦးကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ Beauty Blogger တစ်ယောက်အနေနဲ့လည်းအောင်မြင်မှုတွေကို ရရှိထားပြီး သရုပ်ဆောင်ရာမှာလည်း ပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို ထပ်မံသိမ်းပိုက်ထားနိုင်သူပဲဖြစ်ပါတယ်.။

လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးတွေကို ခဏနားကာ သူမရဲ့ Beauty Bloggerလေးကို ပြန်လည် လည်ပတ်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်.။ ချီချီကတော့ သူမရဲ့ တစ်နေ့တာ ဖြတ်သန်းမှုပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ.။ ဒီနေ့ ဧပြီလ (၃၀)ရက်နေ့မှာတော့ ချီချီလေးက မိုးတွေရွာပြီး နေရာအနှံ့မှာ ပိတောက်ပန်းတွေ ပွင့်လာတာကြောင့် ပိတောက်ပုံရိပ်လေးတွေနဲ့အတူ “တစ်နှစ်မှာ တစ်ခါဆုံဖို့တောင် မသေချာတော့ပါလား.။ အို… ချစ်ရတဲ့ ပိတောက်ရယ်….ပိတောက်ပန်း” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

ချီချီလေးကတော့ တစ်နှစ်တစ်ခါ ပွင့်ဖို့တောင် မသေချာလောက်အောင် ကမ္ဘာကြီးရဲ့ ပြောင်းလဲလာမှုတွေကို ရင်ဖွင့်ကာ တင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးရော တစ်နှစ်မှ တစ်ခါသာ ပွင့်တဲ့ ပိတောက်ပန်းလေးတွေကို  ရရှိပြီးကြပြီလား.???
Source: Nay Chi Oo’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!