

 


 

 


 

 

Source: SoePyaeThazin
ယူနီကုတ်ဖြင့်ဖတ်ရန်

” ပိတောက်ပန်းလေးပန်ကာ နန်းဆန်ဆန်လှနေတဲ့ စိုးပြည့်​သဇင် ”

CeleConnectionsပရိသတ်ကြီးရေ စိုးပြည့်သဇင် ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်လောက်ထဲက အသက်ငယ်ငယ်လေးနဲ့အောင်မြင်နေတဲ့ မင်းသမီးလေးပဲ ဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ အကယ်ဒမီမင်းသမီးတစ်လက်ဖြစ်နေပေမယ့် မာန်မာနကင်းပြီး ဘယ်အချိန်ကြည့်ကြည့် ပေါ့ပါးသွက်လက်နေတဲ့မင်းသမီးလေးတစ်လက်ပါပဲနော်။

စိုးပြည့်ကတော့ သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတိုင်းမှာကျရာဇာတ်ရုပ်ကိုပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့်ပရိသတ်တွေကချီးကျူးရတဲ့ထိပါပဲ​။ ဟန်ဆောင်မှုကင်းပြီး ပရိသတ်တွေအပေါ်မှာ ရင်းရင်းနှီးနှီးဆက်ဆံလေ့ရှိတာ​ဖြစ်ပြီး ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေပါ ချစ်ခင်အားပေးရတဲ့ သူလေးပါပဲနော်။

စိုးပြည့်လေးကတော့ လက်ရှိဖြစ်ပွားနေတဲ့Covid 19ကြောင့် သူမမွေးရပ်မြေမိဘတွေရှိတဲ့ တောင်ငူမှာ နေထိုင်ကာ ပရိသတ်တွေကို လည်း ဆောင်ရန်ရှောင်ရန်တွေအပြင် ပရိသတ်တွေကို လိုင်းပေါ်ကနေ စိတ်အပန်းဖြေစေဖို့ ဖျော်ဖြေမှုလေးတွေပြုလုပ်လျက်ရှိနေတဲ့မင်းသမီးလေးပါ။ ဒီနေ့မှာတော့ ” ပိတောက်တဲ့..တစ်နှစ်မှာတစ်ခါသာပွင့်တာ…ပွင့်တဲ့အချိန်လေးအလှဆုံးအမွှေးဆုံးပွင့်ပေးရှာတယ်…သစ္စာရှိတဲ့ပန်းပိတောက်လေး…” ဆိုတဲ့စာလေးနဲ့အတူ ပိတောက်ပန်းပန်ကာ နန်းဆန်နေတဲ့ အလှပုံရိပ်လေးကို ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnectionsပရိသတ်ကြီးရောပိတောက်ပန်းလေးပန်ကာ နန်းဆန်နေတဲ့ စိုးပြည့်လေးကိုချစ်ရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source: SoePyaeThazin
Candy -CeleConnections

error: Alert: Content is protected !!