Source: Ei Ei Tone’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်
ဒုတိယမြောက် ရင်သွေးလေးကို လွယ်ထားရပြီမို့ စီးပွားတွေကြိုးစားရှာနေရတာပါလို့ပြောလာတဲ့ အိအိတုန်
ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အိအိတုန်ဟာ ဇာတ်ပို့သရုပ်ဆောင်တို့ရဲ့ တာဝန်အရ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်ရသူတစ်ယောက်ပါ။ အိအိတုန်က အိမ်ထောင်သက် (၅)နှစ်အတွင်းမှာ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်နိုင်ခဲ့ပြီး ပျော်ရွှင်ဖွယ် မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ အွန်လိုင်းမှာလည်း လူသုံးကုန်ပစ္စည်းတွေ ရောင်းချတဲ့ အိအိတုန်ဟာ သူမအနေနဲ့ စီးပွားတွေ အရမ်းရှာဖွေနေရတဲ့အကြောင်းကို ပရိသတ်တွေကို ပြောပြလာပါတယ်။
“အရမ်းသိချင်နေတဲ့ချစ်တုန်းတွေပြောပြပီနော်။ အိတုန်လောဘကြီးပြီးရှာနေတာလားတဲ့။ မဟုတ်ပါဘူးနော်ချစ်တုန်းတို့။ နောက်ထပ်ရောက်လာမယ့် အိတုန်ရင်သွေးလေးကောင်းမွန်စွာမွေးနိုင်အောင် အလုပ်တွေက ဆက်လုပ်နေရပါမယ်။ ဒီထက်မကကြိုးစားရမယ်။ အိတုန်မှာ ကိုယ်ဝန်3လရှိပါပြီ။ ဘယ်သူမှမပြောဘဲနေမလို့ပဲ ဒါပေမဲ့ဒီနေ့ပျော်ပြီးပြောချင်နေတာ။ ချစ်တယ်ချစ်တုန်းတွေ ဆုတောင်းပေးကြပါနော် သားသားလေးမွေးအောင်။” ဆိုပြီး ဝမ်းသာစွာ ပြောထားပါတယ်။
အိအိတုန်ရဲ့ သမီးလေးကလည်း ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားသလို နောက်ထပ် လူ့လောကထဲရောက်ရှိလာမယ့် ရင်သွေးလေးကိုလည်း ပရိသတ်တွေက ချစ်ကြမှာ သေချာပါတယ်။ အိအိတုန်တစ်ယောက် လိုချင်တဲ့ သားရတနာလေးကို ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Ei Ei Tone’s fb
Bilie – Cele Connections
error: Alert: Content is protected !!