“တစ်နှစ်မှ တစ်ခါ သူမရဲ့ အကြိုက်ဆုံးပိတောက်ပန်းပွင့်တဲ့အချိန်ဆို ပျော်နေတယ်ဆိုတဲ့ အိနြေ္ဒာကျော်ဇင်”
မြန်မာနိုင်ငံရဲ့ နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်တဲ့အပြင် ပြေတီဦးဖောင်ဒေးရှင်းတွေကိုပါလုပ်ကိုင်နေတဲ့ မင်းသမီးချောလေး အိနြေ္ဒာကျော်ဇင်နဲ့ အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ အိနြေ္ဒာကျော်ဇင်ကတော့ ဇာတ်ကားတိုင်းမှာ ကျရာဇာတ်ရုပ်ကို ဟန်ပန်အမူအရာအပြည့်နဲ့ သရုပ်ဆောင်နိုင်တာကြောင့် တခြားအနုပညာမောင်နှမတွေကတောင် အားကျရလောက်တဲ့အထိကို သရုပ်ဆောင်မှုပီပြင်အောင်မြင်လာတဲ့ မင်းသမီးတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ အိနြေ္ဒာကျော်ဇင်ဟာဆိုရင် တစ်ချိန်က ပျိုတိုင်းကြိုက်နှင်းဆီတစ်ဦးဖြစ်တဲ့ မင်းသားပြေတီဦးနဲ့ သားတစ်ယောက်သမီးတစ်ယောက်တို့နဲ့ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။
CeleConnections ပရိသတ်တွေအတွက် အိနြေ္ဒကျော်ဇင်ကတော့ ပိတောက်နဲ့အတူပျော်နေတဲ့ အကြောင်းလေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်းအိနြေ္ဒာကျော်ဇင်ရဲ့ ပျော်ရွှင်ကြည်နူးနေတဲ့ ပုံရိပ်လေးတွေကြည့်ကာ အပျော်တွေကူးစက်မယ်လို့လည်း ထင်ပါတယ်။
ယူနီကုဒ်ဖြင့်ဖတ်ရန်
“တစ်နှစ်မှ တစ်ခါ သူမရဲ့ အကြိုက်ဆုံးပိတောက်ပန်းပွင့်တဲ့အချိန်ဆို ပျော်နေတယ်ဆိုတဲ့ အိန္ဒြောကျော်ဇင်”
မြန်မာနိုင်ငံရဲ့ နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်တဲ့အပြင် ပြေတီဦးဖောင်ဒေးရှင်းတွေကိုပါလုပ်ကိုင်နေတဲ့ မင်းသမီးချောလေး အိန္ဒြောကျော်ဇင်နဲ့ အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ အိန္ဒြောကျော်ဇင်ကတော့ ဇာတ်ကားတိုင်းမှာ ကျရာဇာတ်ရုပ်ကို ဟန်ပန်အမူအရာအပြည့်နဲ့ သရုပ်ဆောင်နိုင်တာကြောင့် တခြားအနုပညာမောင်နှမတွေကတောင် အားကျရလောက်တဲ့အထိကို သရုပ်ဆောင်မှုပီပြင်အောင်မြင်လာတဲ့ မင်းသမီးတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ အိန္ဒြောကျော်ဇင်ဟာဆိုရင် တစ်ချိန်က ပျိုတိုင်းကြိုက်နှင်းဆီတစ်ဦးဖြစ်တဲ့ မင်းသားပြေတီဦးနဲ့ သားတစ်ယောက်သမီးတစ်ယောက်တို့နဲ့ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။
ကပ်ဆိုးရောဂါတွေကြောင့် အနုပညာအလုပ်တွေကို ခေတ္တရပ်နားကာ မိသားစုနဲ့ ပျော်ရွှင်စွာ အချိန်ပေးမှုနဲ့ ဖြတ်သန်းနေတဲ့သူတစ်ဦးပါ။ ဒီနေ့မှာတော့ အိန္ဒြောကျော်ဇင်က “သူ့ကိုလဲ တစ်နှစ်တစ်ခါပဲ မျှော်ခွင့်ရတယ်…သူလာပြီဆိုလဲ ကျွန်မမှာ ရူးခါနေတာပဲ…ကျွန်မ ပိတောက်ရူး ပါရှင်” လို့ဆိုကာ ပိတောက်ပန်းနဲ့အတူ သူမရဲ့ချောမောလှပနေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့ အကြိုက်ဆုံးပန်းတွေထဲကမှ ပိတောက်ပန်းတွေပွင့်လာလို့ ပျော်ရွှင်စွာနဲ့ တင်ပေးလိုက်တာပါပဲနော်။
CeleConnections ပရိသတ်တွေအတွက် အိန္ဒြေကျော်ဇင်ကတော့ ပိတောက်နဲ့အတူပျော်နေတဲ့ အကြောင်းလေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်းအိန္ဒြောကျော်ဇင်ရဲ့ ပျော်ရွှင်ကြည်နူးနေတဲ့ ပုံရိပ်လေးတွေကြည့်ကာ အပျော်တွေကူးစက်မယ်လို့လည်း ထင်ပါတယ်။
Soure… Eaindra Kyaw Zin’s Facebook
Angella(CeleConnections)
error: Alert: Content is protected !!