

 

 


 

 


 

 

Source: Mi Mi Khine’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

တစ်ဦးတည်းသောသားလေး အောင်ဗိုလ်ကောင်းသန့်အပေါ် ဖြစ်စေချင်တဲ့ ဆန္ဒလေးတစ်ခုကို ထုတ်ပြောလာတဲ့ ထွန်းအိန္ဒြာဗိုလ်

သီချင်းဆိုလည်းကောင်း၊ သရုပ်ဆောင်လည်းထူးချွန်တဲ့ ထွန်းအိန္ဒြာဗိုလ်က ဂီတထူးချွန်ဆုတွေနဲ့တကွ အကယ်ဒမီဆုကြီးကိုလည်း ပိုင်ဆိုင်ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ ထွန်းအိန္ဒြာဗိုလ်က အသက်အရွယ်တစ်ခုရောက်လာချိန်မှာ အနုပညာလုပ်ငန်းတွေကို လျှော့ချလိုက်ပြီး ခိုင်သင်းကြည်၊ ခန့်စည်သူတို့နဲ့အတူတူ “ခသုံးလုံး” ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းကြီးကိုသာ ဦးဆောင်လုပ်ကိုင်ကာ မိသားစုကို အချိန်ပေးနေတာပဲ ဖြစ်ပါတယ်။

အသက် (၁၄)နှစ်အရွယ် ဆယ်ကျော်သက်သားလေး အောင်ဗိုလ်ကောင်းသန့်ကို အချိန်ပေးဂရုစိုက်နေတဲ့ ထွန်းအိန္ဒြာဗိုလ်က သားလေးနဲ့ ပက်သတ်ပြီး ဖြစ်စေချင်တဲ့ ဆန္ဒတစ်ခုကို ထုတ်ပြောလာပါတယ်။ ထွန်းအိန္ဒြာဗိုလ်က တစ်နေ့တစ်ခြား အရွယ်ရောက်လာတဲ့ သားလေးကို “သင်္ကန်းလေး ဘာလေး စည်းရင် ကောင်းမှာ…” ဆိုပြီး ပြောလာပါတယ်။

သားလေး အောင်ဗိုလ်ကောင်းသန့်ကတော့ အနေအထိုင်အေးဆေးသူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အားလပ်ချိန်တိုင်းကို အားကစားလုပ်ရင်း ကုန်ဆုံးနေတာ ဖြစ်ပါတယ်။ သားလေးအပေါ်ဖြစ်စေချင်တဲ့ ထွန်းအိန္ဒြာဗိုလ်ရဲ့ ဆန္ဒလေး ပြည့်ဝပါစေလို့ မှ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Mi Mi Khine’s fb
Bilie – Cele Connections

error: Alert: Content is protected !!