

 


 

ယူနီကုဒ်ဖြင့်ဖတ်ရန်

“ညီအစ်မတွေလို ရင်းနှီးချစ်ခင်ရတဲ့ ခင်လေးနွယ်ရဲ့ မွေးနေ့လေးကို ထူးခြားစွာဆုမွန်တောင်းပေးလိုက်တဲ့ စန္ဒီမြင့်လွင်”

ပရိသတ်တွေအတွက် ရက်ပ်သီချင်းအမိုက်စားလေးတွေကို သီဆိုလေ့ရှိတဲ့ နာမည်ကျော်အဆိုတော်မလေး စန္ဒီမြင့်လွင်နဲ့ အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ စန္ဒီမြင့်လွင်ကတော့ သရုပ်ဆောင်မှုပိုင်းမှာ ကျွမ်းကျင်ပေမယ့် သူမဝါသနာပါရာ ဂီတပိုင်းကိုပဲ အောင်မြင်အောင်ကြိုးစားနေသူတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမဟာဆိုရင် ရက်ပ်သီချင်းတွေကို ကျွမ်းကျင်ရုံသာမက သီချင်းအေးအေးလေးတွေကိုပါ ပရိသတ်တွေရင်ထဲထိကို စွဲလမ်းအောင်သီဆိုနိုင်တဲ့ အဆိုတော်တစ်လက်ပဲဖြစ်ပါတယ်။

စန္ဒီမြင့်လွင်ကတော့ သူမရဲ့ချစ်စရာကောင်းတဲ့ သမီးလေးရဲ့ အမှတ်တရပုံရိပ်လေးတွေနဲ့ အမိုက်စားtik tokဗီဒီယိုဖိုင်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ အနုပညာရှင်မောင်နှမတွေထဲက ခင်လေးနွယ်ရဲ့ မွေးနေ့လေးကို စန္ဒီမြင့်လွင်က”Happy birthday ပါမမခင်ရေ့ချစ်ရတဲ့ချစ်သူနဲ့အတူအမြဲထာဝရပျော်ရွှင်ပါစေခရီးတွေအများကြီးထွက်နိုင်ပါစေ” လို့ မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ကြောင်းကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ သူမဟာဆိုရင် အနုပညာမောင်နှမတွေရဲ့ မွေးနေ့ရောက်တိုင်း ဆုမွန်ကောင်းတောင်းပေးတတ်တဲ့သူတစ်ဦးပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် ခင်လေးနွယ်အတွက် စန္ဒီမြင့်လွင်ရဲ့ မွေးနေ့ဆုမွန်တောင်းလေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း ခင်လေးနွယ်အတွက် မွေးနေ့ဆုမွန်ကောင်းလေးတွေရေးပေးခဲ့ကြပါအုံးနော်။
Soure… Sandy Myint Lwin’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!